🍃 16 🍃

2.5K 166 4
                                    

Zawgyi

နေမင်းကြီးက အနောက်ဘက်စီသို့ အိပ်စက်ရန် ဝင်ရောက်နေချိန်၌ ပန်းဥယျာဉ်လေး တစ်ခုအတွင်းတွင် အဖြူရောင် ကောင်လေးတစ်ယောက် ထိုင်နေ၏။

ရှပ်အင်္ကျီအဖြူ လက်ရှည်လေး နှင့် အဖြူရောင် ဘောင်ဘီလေး ဝတ်ထားသော ကောင်လေးအား ရောင်စုံပန်းခင်းကြီးသည် ပိုမိုလှပအောင် အထောက်အပံ့ပြုနေသည်။

"ကိုရွက်ဝါ လာထိုင်လေ"

သက်တန့် ဂုဏ်တို့နှင့် မျက်နှာချင်းမဆိုင်ချင်သောကြောင့် ဥယျာဉ်ထဲရှိ ဘန်ဂလိုတစ်ခုတွင် ထိုင်နေစဉ် ရောက်လာသော လူရိပ်ကြောင့် ပြုံးကာ ခေါ်လိုက်သည်။

"အင်း"

ရွက်ဝါ ၊ သက်တန့်ပြသော နေရာတွင် ဝင်ထိုင်ရင်း ပန်းခင်းကြီးကို ကြည့်မိသည်။

"ပန်းတွေကလှတယ်နော်"

ရွက်ဝါရဲ့ အပြောကို သက်တန့်လည်း ပန်းပွင့်များအား ကြည့်ကာ ခေါင်းညိတ်၍ ဖြေမိသည်။

"ပန်းတိုင်းရဲ့သဘာဝလှကြတာပဲလေ"

"တစ်ချို့ပန်းတွေကတော့ လှပင်မဲ့ အခြားသူတွေကြောင့် ဖုံးကွယ်ပေးရတယ်"

ရွက်ဝါက တွေးဆဆ ပြောနေသောကြောင့် သက်တန့် ၊ရွက်ဝါအား ကြည့်မိတော့ ရွက်ဝါကလည်း သက်တန့်ကို ကြည့်လာ၏။

အကြည့်ချင်း ဆုံချိန် ရွက်ဝါရဲ့မျက်ဝန်းများမှ ပြောလာသော ဘာသာစကားကို သက်တန့် နားမလည်။မသိစွာနှင့်သာ ကြည့်မိ၏။

"သက်တန့် ၊ဂုဏ်ကိုချစ်လား"

အကြည့် အရင်လွှဲကာ သက်တန့်ကို မေးလာသော ရွက်ဝါစကားကြောင့် သက်တန့်ရဲ့ နှုတ်ခမ်းလွှာထက်တွင် အပြုံးပွင့်တို့ ပွင့်လန်းလာရသည်။

ပွင့်လန်းလာသော အပြုံးပွင့်သည် မြတ်နိုး၊ ချစ်ခင်၊ နှစ်သက်မှုတို့ ကိန်းဝပ်နေသောကြောင့် အနောက်မှ ပန်းခင်းကြီးတောင်မှ မှေးမှိန်သွားရသည်။

"ကိုရွက်ဝါကဘာလို့မေးတာလဲ"

"ဒီလိုပါပဲ"

"ကိုရွက်ဝါကရော...ဂုဏ်အပေါ်..."

သက်တန့်အား တိကျသော အဖြေမပေးသော ရွက်ဝါအား သက်တန့် နောက်တစ်ခွန်းမေးမိသည်။ရွက်ဝါစီမှ ထွက်လာမည့် အဖြေအား စိုးထိတ်လှ၏။

ဂုဏ် ရောင် ဝါ [Completed]Where stories live. Discover now