🍃 6 🍃

3K 176 0
                                    

Zawgyi

အဖြူရောင်ကားလေး တစ်စီးဟာ မြင့်မားထည်ဝါသော တိုက်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။သိပ်မကြာခင် ထိုကားထဲမှ နှင်းကဲ့သို့ဖြူသော အသားအရည်နှင့် တည်တင်းသော မျက်နှာသွင်ပြင်တို့ ရှိသည့် ကောင်လေး တစ်ယောက် ထွက်လာသည်။ထိုသူဟာ အခြားမဟုတ် ဂုဏ်ဖြစ်သည်။

"ခင်ဗျားဘာသာထွက်ခဲ့"

ပြောရင်းနှင့် အိမ်ထဲသို့အရင် ဝင်သွားလေသည်။ဂုဏ် စကားကို သက်တန့် ဘာမှမပြော။ကားတံခါး ဖွင့်ပြီးသာ ဆင်းသွားလိုက်သည်။ဂုဏ်က သက်တန့်ကို ဘာမှမပြောသောကြောင့် ဂုဏ်နောက်ကသာ လိုက်သွားလိုက်သည်။

အခန်းထဲရောက်တော့ ဂုဏ်က အဝတ်အစားများ ချွတ်နေလေသည်။သက်တန့်လည်း မျက်နှာလွှဲ ထားလိုက်သည်။

"ဂုဏ်ဘယ်သွားမလို့လဲ"

အခန်းပြင် ပြန်ထွက်နေသော ဂုဏ်ကိုမေးမိတော့...။

"ကျွန်တော်ကဘာလို့ခင်ဗျားကိုပြောရမှာလဲ"

ပိတ်သွားသော အခန်းတံခါးကို ကြည့်ကာ သက်တန့် သက်ပြင်းသာ ချမိသည်။

•••••••••••

"ဂုဏ် မင်းမပြန်သေးဘူးလား"

ဘားရောက်တည်းက အရက်တွေပဲ သောက်နေသော ဂုဏ်။ဂုဏ်လက်ထဲက အရက်ခွက်ကို စွဲလုကာ ပြောတော့ ရသကို ကြည့်လာသည်။ဂုဏ်နဲ့ ရသက လုပ်ငန်းခွင်တွင်သာ သူဋ္ဌေးနဲ့ အလုပ်သမားလို့ ပြောဆိုကြသော်လည်း ပြင်ပအချိန်တွင်တော့ သူငယ်ချင်းတွေဖြစ်သည်။

"မပြန်ဘူးကွာ ငါ သူ့မျက်နှာကိုမမြင်ချင်ဘူး"

"မမြင်ချင်ရင်မင်းဘာလို့လက်ထက်ခဲ့သေးလဲ"

"မုန်းလို့ ပြန်ပေးကွာ"

ရသလက်ထဲက ခွက်ကိုပြန်လုကာ သောက်နေသူကြောင့် ရသခေါင်းသာ ခါမိသည်။

"တော်တော့ ငါမင်းကိုလိုက်ပို့ပေးမယ်"

အမူးသမားကို ဆွဲထူရင်း ပြန်ပို့ဖို့ လုပ်ရသည်။အတင်းရုန်းနေသူကြောင့် ရသ တော်တော်ထိန်းကာ ခေါ်လာလိုက်ရသည်။

••••••••••••

ဂုဏ်ထွက်သွားတည်းက သက်တန့်အခန်းထဲက မထွက်ဘဲ စောင့်နေခဲ့သည်။သက်တန့်ကို လာခေါ်သူမရှိသောကြောင့် အခုထိလည်း ဘာမှမစားရသေး။

ဂုဏ် ရောင် ဝါ [Completed]Tempat cerita menjadi hidup. Temukan sekarang