🍃 7 🍃

2.9K 174 0
                                    

Zawgyi

သစ်လွင်သော နေ့သစ်က တဖန်ရောက်ရှိလို့ လာပြန်သည်။

"ကျွတ်..ကျွတ်.."

အနည်းငယ် ရီဝေကာ ထိုးကိုက်နေသော ခေါင်းကို လက်တစ်ဖက်ဖြင့် အသာ ဖိနှိတ်ရင်း ဂုဏ်ထလိုက်သည်။နောက် မနေ့ညက အဖြစ်အပျက်များက ပြဇာတ်တစ်ပုဒ်လို့ ပြန်လည် မြင်ယောင်လာခဲ့သည်။

"မမအပေါ်သူကနည်းနည်းလေးတောင်အားနာစိတ်မဖြစ်ဘူး"

အားကြည်းစွာ တစ်ကိုယ်တည်း ရေရွတ်သံက ဝမ်းနည်းမှုတို့ ပါဝင်လျက်။

အခန်းပတ်လည်ကို ကြည့်မိချိန် သက်တန့်ကို မတွေ့ရသောကြောင့် ဂုဏ် ကျေနပ်စွာ ပြုံးလိုက်မိသည်။

နောက် ကိုယ်လက်သန့်စင်ကာ အလုပ်သွားဖို့ လုပ်လိုက်သည်။မသွားခင် သက်တန့်ကို သွားခေါ်ရန် မနေ့ညက အခန်းဘက်သို့ ထွက်လာလိုက်သည်။

အခန်းထဲ ဝင်ချိန် ဒူးထောက်နေသော သက်တန့်အား တွေ့ရမည်ဟု မျှော်လင့်ထားသော်လည်း ထိုသို့မဟုတ်။ခွေခွေလေး လဲကျနေသော သူ့ကိုသာ တွေ့ရသည်။

"အားနည်းလိုက်တာ"

အလိုမကျသလို မျက်ခုံးနှစ်ခုစုကာ ပြောလာသံကိုတော့ သက်တန့် ကြားမည်မထင်။

"ခင်ဗျား ထ ထ"

ပါးပြင်နှစ်ဘက်အား ပုတ်ကာနိုးကြည့်ချိန် အပူငွေ့အား ရလိုက်၏။နှာဖူးပြင်အား လက်ဖြင့်အသာ ထိမိချိန် ရလိုက်သော ချစ်ချစ်တောက်ပူနေသည့် အပူချိန်ကြောင့် ကျွတ်တစ်ချက်သာ သတ်မိလိုက်သည်။

"တောင်းပန်ပါတယ်"

အဖျားရှိန်ဖြင့် ယောင်ကာ ပြောနေသော တောင်းပန်စကားက မမကိုများ ရည်ညွှန်လေသလား။

ဒီတိုင်းထားခဲ့လို့ မဖြစ်သောကြောင့် ဂုဏ်တို့အခန်းသို့သာ ပွေ့ခေါ်လာလိုက်သည်။

ပွေ့သယ်ချိန် ငှက်မွှေးလေးလို့ ပေါ့ပါးသောကိုယ်ကြောင့် အံ့သြမှုတို့က ဂုဏ်မျက်နှာ တစ်လျှောက် ဖြတ်ပြေးသွား၏။သို့သော် ခဏမျှသာ။

မိသားစုဆရာဝန်ထံ ဖုန်းဆက်ကာ လှမ်းခေါ်ပြီးနောက် ဂုဏ်လည်း အလုပ်သို့ ထွက်လာခဲ့လိုက်သည်။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora