🍃 19 🍃

2.5K 157 0
                                    

Zawgyi

လွန်ခဲ့သော အတိတ်တစ်ခုကပေါ့...

ပန်းခွေအမျိုးမျိုး သယ်ဆောင်လာကြသည့် လူများ။ကားအမျိုးမျိုးနှင့် ဝင်လာကြသူများသည် ဂုဏ်တို့ရဲ့ အိမ်တွင် အသီးသီး ဝင်ထွက်သွားလာနေကြသည်။

ဆယ်နှစ်အရွယ် ကလေးတစ်ယောက်အတွက် မိဘများနှင့် တစ်ဦးတည်းသော သွေးသားရင်းချာတို့ ဆုံးရှုံးသွားမှုသည် မည်သို့မျှ မဖြေဆည်နိုင်သော အရာဖြစ်သည်။

မိုးတဖွဲဖွဲကျလျက် လေပြည်လေးကညှင်သာစွာ တိုက်ခိုက်နေချိန် ကလေးငယ်သည်တော့ ထွေး​ပွေ့မဲ့ နွေးထွေးသည့် ရင်ခွင်မရှိ...

မျက်ရည်တို့ကို သုတ်ပေးမဲ့ လက်တစ်စုံဟာလည်း ပျောက်ဆုံးလျက်...

ကြမ်းတမ်းသော လောကကြီးအလယ်မှာ ခိုးကိုးရာမဲ့ တစ်ဦးတည်း ရှင်သန်ရတော့မည်...

"ကလေးကသနားပါတယ်ဟယ် ငယ်ငယ်လေးနဲ့မိဘရော အမပါဆုံးသွားခဲ့ရတာ"

"အေးလေဟာ..."

အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်လျက် ဓာတ်ပုံသုံးပုံ ရှေ့တွင်ထိုင်နေသော ဂုဏ်ငယ်လေးသည် သနားဂရုဏာသံ များအားကြားနေရသော်လည်း မျက်ရည်တစ်စက်မကျတော့။

"ဒီအရွယ်လေးနဲ့ ဘယ်လိုများနေထိုင်မလဲမသိဘူး"

"သူ့မိဘတွေထားခဲ့တဲ့ ပစ္စည်းတွေကနည်းတာမှ မဟုတ်တာ...သူမသေမချင်းစားလို့ရပါတယ်"

"လူယုံမရှိရင်တော့ ငယ်ငယ်လေးနဲ့မတွေးရဲစရာပဲ"

လူ့သဘာဝ အတင်းအဖျင်း ပြောရသည်ကို နှစ်သက်သော သူများသည် ဂုဏ်ကို ဂရုမစိုက်စွာ ပြောနေကြ၏။

"သား အန်ကယ်လ်တို့ရှိတယ်၊ ဘာမှအားမငယ်နဲ့နော်"

ပါး လုပ်ငန်းပါတနာများမှ လိမ်ညာ ဟန်ဆောင်မှုတို့ ပြည့်နေသော အားပေးသံသည် ဂုဏ်အား မည်သို့ အားတတ်စေမည်နည်း။

ကိုယ်ကျိုးအတွက် နှစ်သိမ့်သောစကားများသည် အကာအကွယ်မဲ့နေသော ဆယ်နှစ်အရွယ် ကလေးငယ်အတွက် အားပေးရာမရောက်။

"သခင်လေး ခဏလောက်သွားနားနေမလား"

ညှိုးငယ်သောမျက်နှာဖြင့် လာပြောသော ဦးမောင်ရဲ့စကားကို ဂုဏ် ခေါင်းညိတ်ကာ ဟန်ဆောင်သူများကြားမှ ထွက်လာခဲ့လိုက်သည်။ခြေလှမ်းများရဲ့ ဦးတည်ရာက လသာဆောင်စီသို့...

ဂုဏ် ရောင် ဝါ [Completed]Tempat cerita menjadi hidup. Temukan sekarang