Zawgyi
တောက်ပသော မီးရောင်သည် အခန်းတွင်းမှ လူရွယ်လေးစီသို့ ဦးတည်လျက်။ကလူကျဉ်ဆယ်ရန် နေရာယူနေ၏။
စူးရှသောအလင်းကို မခံနိုင်သောကြောင့် လူရွယ်လေး၏ မျက်ဝန်းအိမ်တို့ ဖွင့်ဟလာခဲ့သည်။
အနက်ရောင် ရေကန်လေးသည် ဖြူစင်စွာ တောက်ပလျက်။နှုတ်ခမ်းဖူးလေးက လှပစွာ စေ့ထား၏။
"အာ့.."
တစ်ဘက်လှည့်ချိန် နာကျင်သွားဟန် မျက်နှာလှလှလေးက အနည်းငယ် စုစီသွား၏။နှုတ်ခမ်းဖူးလေးမှ ပွင့်ဟထွက်ပေါ်လာသော အသံလေးသည် နာကျင်မှုနှင့်။မျက်နှာဖွေးဖွေးလေးမှ ပန်းသွေးရောင် ပြောင်းလဲသွားခြင်းဖြင့် ရှက်သွေးဖြာမှုကို ဖော်ပြနေသည်။
"နိုးပြီးလား"
သြရှရှအသံကြားမှ လူရွယ်လေး၏ ယုန်မျက်ဝန်းများ အလုပ်လုပ်တော့၏။
အခန်းတွင်း အသံထွက်ပေါ်လာသည့် နေရာအား ကြည့်လိုက်တော့ ဆိုဖာပေါ်တွင် ထိုင်နေသော ဂုဏ်။
မနေ့ညက အကြောင်းများ ပြန်လည်းတွေးမိတော့ မျက်နှာတစ်လျှောက် ပူရှိန်ရှိန် ခံစားလိုက်ရ၏။
"ဂုဏ် အလုပ်မသွားဘူးလား...အာ့..."
လဲနေရာမှ ထထိုင်လိုက်ကာမေးချိန် နာကျင်လာသော ခံစားမှုကြောင့် အကြည်ရောင် အရည်ငယ်အချို့ မျက်ဝန်းထက်တွင် နေရာယူခဲ့သည်။
"ခင်ဗျားကဒီလိုဖြစ်နေတာ ကျွန်တော်ကဘယ်လိုသွားရမလဲ"
"အကိုအဆင်ပြေပါတယ်၊ ဂုဏ်သွားစရာရှိရင်သွားလေ"
ချစ်ရသူသည် သက်တန့်ဘေးတွင် နေပေး၍ ကျေနပ်မိသော်လည်း တာဝန်ကြောင့်ဟူသော အသိဖြင့်တော့ မနေခိုင်းရက်။
"ဘယ်ချိန်ရှိပြီးလဲကြည့်အုန်း အခုမှအလုပ်ကိုဘာသွားလုပ်ရမှာလဲ "
ဂုဏ်အပြောကြောင့် ကြည့်မိတော့ နေမင်းသူရိန်သည်ပင် အိပ်စက်ရန် တောင်တန်းကြီးစီသို့ မေးတင် နားခိုနေလေပြီး။ဒီအချိန်ထိ အိပ်မိသွားလေရောလား။
"သတိလစ်နေလို့ ဆရာဝန်နဲ့ခေါ်ပြထားတယ်"
ဂုဏ်၏ အသံကြားမှ လက်တွင် ဆွယ်တန်းနေရာယူနေသော ဆေးသွယ်ထားသည့်ပိုက်တန်းလေးအား သတိထားမိ၏။အားနည်းသောကိုယ်ကြောင့် ယခုအခြေအနေအား ကြိုတွေးထားမိသောကြောင့် မအံ့သြ။
VOUS LISEZ
ဂုဏ် ရောင် ဝါ [Completed]
Roman d'amourcover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့ အဆုံးသတ်ကရော ဘာများဖြစ်လေမလဲ...။ Started date: :18.7.2021 End date: : 16.10.2021