🍃 24 🍃

2.6K 156 1
                                    

Zawgyi

လေးနှစ်အရွယ် ရွက်ဝါလေးသည် သူ့အမေ၏ လက်အား ကိုင်ရင်း ဘုရားရင်ပြင်ပေါ်တွင် လျှောက်လာသည်။

အစိမ်းနုရောင် ပုဆိုး၊ လည်ကတုံးအင်္ကျီလေးနှင့် ကလေးလေးသည် ချစ်စဖွယ်။ဆူပုတ်ပုတ်ရုပ်လေးသည် အူးယားစရာ။

"အူးကြူးလေးရယ် ဆူပုတ်မနေနဲ့တော့နော်...ဒယ်ဒီကမအားလို့မပို့နိုင်တာလေ"

"ဒယ်ဒီကသားမွေး​နေ့ဆို ဘယ်တော့မှမလာဘူး"

ငိုမဲ့မဲ့လေးနှင့် ပြောနေသော ရွက်ဝါလေးကိုကြည့်ကာ ဝါ သက်ပြင်းချမိသည်။

အကိုသည် သားအားတစ်လတစ်ခါ လာတွေ့တတ်သည်။ကျန်အချိန်များတွင် အလုပ်ကိစ္စနှင့် ခရီးထွက်နေသည်ဟု သားအား ပြောထားရ၏။

မိမိတို့စီ တစ်လတစ်ခါပုံမှန်လာသည်ကိုသာ ဝမ်းသာရမည်။ဒီထက်ပိုပြီး လိုချင်၍ မဖြစ်။မိမိသည် နောက်ခံလည်းမရှိသောကြောင့် ဒီထက်သာ ပိုလိုချင်ခဲ့ပါက အကုန်ဆုံးရှုံးရမည်မှာ မိမိတို့သာဖြစ်သည်။

ဒေါ်မိုးမိုး အတွေးထဲနစ်နေစဉ် ပြေးသွားသော သားကြောင့် အတွေးထဲမှ ပြန်ထွက်လာရ၏။သားပြေးသွားသည့် ဘက်အား ကြည့်မိရာ...။

"အကို"

ဝါ တွေ့ချိန်တွင် သားမှာ အကိုဘေးသို့ ရောက်နေလေပြီး။အကိုဘေးတွင် မိန်းမတစ်ယောက်နှင့်အတူ သားနှင့်ရွယ်တူ ကလေးတစ်ယောက်။

"ဒယ်ဒီ သားကိုစောင့်နေတာလား"

မပီကလာ ပီကလာနှင့် ပြောနေသော သားကို အကိုသည် သေချာကြည့်နေ၏။အကိုမျက်ဝန်းများတွင် သတိပေးဟန်များလည်း ပါနေသည်။

"ကလေး လမ်းပျောက်နေတာလား၊ ဦးက မင်းဒယ်ဒီမဟုတ်ဘူးကွ"

အကိုသည် သူ့မိန်းမအားတစ်ချက်ကြည့်ရင်း သားဘက်ကိုလှည့်ကာ မေးနေသည်။ဝါ အမြန်ထိုနေရာသို့ သွားကာ သားအားခေါ်လိုက်ရင်း...

"တောင်းပန်ပါတယ် ကလေးက သူ့ဒယ်ဒီနဲ့ ဝတ်စားပုံရင်း တူနေတော့ မှားသွားတာပါ"

"သား ဒယ်ဒီကိုသိပါတယ် ဒယ်ဒီမှဒယ်ဒီပါ"

ဝါ သားအား ဆွဲခေါ်ရင်း ပြောလိုက်သော်လည်း သားကတော့ မရမက သူ့ဒယ်ဒီအား ဆွဲကာပြောနေလေသည်။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora