🍃 36 🍃

2.6K 159 0
                                    

Zawgyi

နေရောင်ခြည်သည် လင်းလက်ကာ အားမာန်အပြည့်နှင့် တည်ရှိနေသောအချိန်။ ဆေးရုံ၏လူနာခန်းလေးထဲတွင် ကောင်လေးတစ်ယောက်ရှိနေ၏။

အချိန်၏ ပြောင်းလဲမှုကြောင့်ပေလော မသိ ကောင်လေး၏ မျက်နှာတွင် တည်တင်းမှုတို့ နေရာယူထားသည်။ သို့သော် သေချာကြည့်လျှင် အညိုရောင်မျက်ဝန်းအိမ်ထဲ၌ နေရာယူနေသော လွမ်းရိပ်များကို တွေ့နိုင်၏။

"ကိုကို တစ်နှစ်တောင် ကျော်နေပြီး၊ ကျွန်တော့်ကိုဘယ်အချိန်ထိ တစ်ယောက်တည်းနေခိုင်းနေမှာလဲ"

အပြုံးယဲ့ယဲ့တို့ဖြင့် ဆိုနေသော ဂုဏ်။ ကုတင်ဘေးသို့ ခေါင်းတင်လျက်။ သက်တန့်လက်နုနုလေးအား ဆုပ်ကိုင်ကာ တတွတ်တွတ် ပြောနေ၏။

ပန်းရနံ့တို့သည် အခန်းတွင် အလွမ်းဓာတ်အား အားပေးနေသလို သင်းပျံ့စွာ တည်နေသည်။

ဂုဏ်အညိုရောင် မျက်ဝန်းအိမ်ထဲမှ မျက်ရည်ဥတစ်စက်သည် သက်တန့်၏ လက်နုနုလေးပေါ်သို့ ကျဆင်းသွားခဲ့သော်...။

"ဂုဏ်...လေး..."

လေတိုးသံထက်ပင် တိုးတိတ်လှသော အသံလေးတစ်ခုကြောင့် ဂုဏ်၏မျက်ဝန်းတို့ အံ့သြစွာ ပွင့်ဟလာခဲ့သည်။မဝံ့မရဲ ဦးခေါင်းအား ဖြေညှင်းစွာ မော့၍ ကြည့်မိသော်...။

"ကို...ကို..."

အံ့သြစွာ ဂုဏ်ခေါ်မိသည်။ ကိုကို၏ အနက်ရောင်မျက်ဝန်းများသည် ဂုဏ်အညိုရောင်မျက်ဝန်းတို့၌ နေရာယူနေ၏။

"ကိုကို...ကိုကို ကျွန်တော်စီပြန်လာပြီး..."

ဂုဏ်အသံတို့သည် တုန်ရည်လျက်။ ဝမ်းသာမှုတို့ အပြည့်နှင့် မြင်ကွင်းသည် ငွေရည်ကြည်တို့ကြောင့်ဝေဝါးလာ၏။

"ဂုဏ်..."

ထပ်မံထွက်ပေါ်လာသော ကိုကိုအသံ။ မကြားရတာကြာပြီဖြစ်သော၊ ဂုဏ်လွမ်းနေခဲ့ရပါသော ဤအသံ။

"ကိုကို ကျွန်တော်ရှိတယ်နော်"

ကိုကိုလက်တို့အား ဆုပ်ကိုင်ကာ အရေးပေါ်ခလုတ်ကိုနှိပ်လိုက်သည်။

မကြာ ဆရာဝန်များရောက်လာကာ ကိုကိုအား လိုအပ်သည်များ စစ်ဆေးနေကြသည်။ ဂုဏ်လည်း ဒေါ်မြင့်မိုရ်အား လှမ်းအကြောင်းကြားကာ ကိုကိုအားကြည့်နေမိသည်။

ဂုဏ် ရောင် ဝါ [Completed]Where stories live. Discover now