🍃 1 🍃

6.1K 267 2
                                    

Zawgyi

ရွှေရောင် တဖိတ်ဖိတ် တောက်နေသော ဧည့်ခန်းတစ်ခုတွင် ဖြစ်သည်။

အသက်၂၀လောက် ရှိသော လူငယ်တစ်ယောက်ဟာ ခြေနှစ်ချောင်းကို ချိတ်လျက် ထိုင်နေကာ၊ စူးရှသော မျက်ဝန်းတစ်စုံဖြင့် သူ၏အရှေ့တွင် ထိုင်နေသော လူများအား ကြည့်နေသည်။

အညိုရောင် အနောက်တိုင်း ဝတ်စုံဝတ်ဆင်ထားမှုကြောင့် ချောမောသော မျက်နှာမှာ ပိုပြီးခန့်ညားနေလေသည်။

၎င်း၏ အရှေ့တွင်တော့ အသက်၅၀နီးပါးရှိသော မိန်းမကြီးနှင့် ယောက်ျားတစ်ယောက်တို့ ထိုင်နေလေသည်။မိန်းမကြီးရဲ့ လက်အား ချောမောလှပသော ကောင်လေးတစ်ယောက်က ဆုပ်ကိုင်ထား၏။

"ဦးဝင်ကြွား ကျွန်တော်စကားတွေအများကြီးပြောရတာမကြိုက်ဘူး ကျွန်တော်ပြောတဲ့အတိုင်းလုပ်ပေးရင် ခင်ဗျာတို့ကိုမနှောက်ယှက်တော့ဘူး"

ခြေချိတ်ထိုင်နေသော လူရွယ်သည် ဟန်မပြတ်စတင် ပြောကြားရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"မောင်မင်းရှင်ဂုဏ်ပြောပါ ဦးတို့ဘာလုပ်ပေးရမလဲ"

ဦးဝင့်ကြွားရဲ့ စကားကိုကြားလျှင် ဂုဏ်၏နှာခမ်းပါးတို့ ကွေးညွှတ်သွားရလေတယ်။

"လွယ်လွယ်လေးပါ သူ့ကိုကျွန်တော်ကိုပေးယုံပဲ"

ဦးဝင့်ကြွား၏ ဘေးတွင်ရှိသော မိန်းမကြီး၏ လက်အား ကိုင်ထားသည့် လူရွယ်လေးကို လက်ညှိုးထိုးကာ ပြောနေသော ဂုဏ်ပုံစံမှာ အရှိန်အဝါတစ်မျိုး ထောက်ပနေလေ၏။

ဂုဏ်စကားကို ကြားသော် ထိုကောင်လေးက မော့ကြည့်လာလေသည်။

ယုန်မျက်ဝန်းလေးလို ဝိုင်းစက်နေသော မျက်ဝန်းလေးက အံ့သြမှုတို့အပြည့်။နှာခမ်းဖူးဖူးလေးအားလည်း ဖွင့်ဟလျက်ရှိသည်။

"မင်း ဘာစကားပြောတာလဲ ငါ့သားကိုမင်းကိုဘာလို့ပေးရမှာလဲ"

ဦးဝင့်ကြွားဘေးတွင် ထိုင်နေသော မိန်းမကြီးက ဂုဏ်ကို ဒေါသတကြီး ပြောလာလေသည်။

"ဒေါ်မြင့်မိုရ်ရယ် စိတ်လျော့ပါအုန်း ကျွန်တော်ကခင်ဗျားသားကိုတရားဝင်လက်ထက်မှာပါဗျာ"

ဂုဏ် ရောင် ဝါ [Completed]Où les histoires vivent. Découvrez maintenant