🍃 20 🍃

2.7K 164 3
                                    

Zawgyi

သက်တန့် အပြင်ဘက်ကြည့်နေရင်း ထိုးရပ်သွားသော ကားလေးကြောင့် သေချာကြည့်လိုက်တော့ ပါတီပွဲကျင်းပရာ နေရာသို့ ရောက်နေပြီးဖြစ်သည်။

ဂုဏ်သည် အရင်ဆင်းသွားကာ သက်တန့်ဘက်သို့ လာပြီး လက်ကမ်းရင်း ခေါ်လေသည်။ကမ်းလာသော လက်တစ်စုံထဲ သက်တန့်ရဲ့ လက်နုနုလေးထည့်လိုက်တော့ အံ့ဝင်ခွင်ကျစွာ။

ဂုဏ်နှင့်သက်တန့် ဝင်ရောက်သွားမှုကြောင့် ငေးမောနေသူများက အများအပြား။အပြာရောင် ဆင်တူဝတ်စုံလေးများဟာ သက်ဆိုင်သူများ ဖြစ်ကြောင်း ဖော်ပြလျက်။လိုက်ဖက်နေမှုက နေနှင့်လ ပမာ။

ခန့်ညားသောဂုဏ်နှင့် နူးညံ့၍နှစ်သက်ဖွယ်ကောင်းသော သက်တန့်တို့သည် မြင်သူတိုင်းအား အားကျစေသည်။

"မောင်မင်းရှင်ဂုဏ်တို့ ရောက်လာကြပြီးလား"

"ဒီတစ်ခေါက်လုပ်ငန်း အောင်မြင်သွားတဲ့ အတွက် congratulation အန်ကယ်လ်"

အပြုံးတစ်ပွင့်ဖြင့် ပြောလာသော အန်ကယ်လ့် တစ်ယောက်အား ဂုဏ်သည် လုပ်ငန်းဆန်သော အပြုံးတစ်ပွင့်သာ စွန့်ကျဲရင်းဖြေခဲ့သည်။

"အန်ကယ်လ် အောင်မြင်တာ မောင်မင်းရှင်ဂုဏ်ကို ဘယ်မှီပါမလဲ"

"ကျွန်တော်ကလေ့လာဖို့လိုပါသေးတယ်၊ အန်ကယ်လ်တို့လို တော်တဲ့သူတွေကိုမကျော်နိုင်သေးပါဘူး"

"ဟား...အ​ပြောကောင်းတယ်၊ မင်္ဂလာဆောင်တုန်းက မလာလိုက်ရဘူး၊ ဦးဝင့်ကြွားသားမလား၊ congratulations"

"ကျေးဇူးပါ အန်ကယ်လ်"

အပြန်အလှယ် ချီးကျူးကာ ပြောနေရင်း သက်တန့်ဘက်ကို လှည့်၍ မေးလာသောကြောင့် သက်တန့်လည်း အပြုံးလေးနှင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

"လူငယ်တွေ အေးဆေးနေကြနော်၊ အန်ကယ်လ် ဟိုဘက်ခဏသွားလိုက်အုန်းမယ်"

ဝိုင်ခွက် တစ်ခွက် ကိုင်ရင်း ထွက်သွားမှ ဂုဏ်က သက်တန်အား မကျေမနပ်လေသံဖြင့် ပြောလာသည်။

"ခင်ဗျားကို မပြုံးနဲ့လို့ ပြောထားတယ်လေ"

"အကိုက မျက်နှာတည်ကြီးနဲ့ ပြောလို့မှမကောင်းတာ"

ဂုဏ် ရောင် ဝါ [Completed]Hikayelerin yaşadığı yer. Şimdi keşfedin