🍃 31 🍃

3K 165 2
                                    

Zawgyi

"ကို...ကိုမဟုတ်ဘူးမလား...သားကြီးကိစ္စမှာကိုယ်မပါဘူးမလား"

အခန်းတွင်း ဝင်လာ၍ တုန်ရည်သံနှင့် မေးနေသောမာမီ။ဖန်ကွဲစများကြောင့် ခြေဖဝါးတို့ သွေးနီစွန်းထင်းနေသော်လည်း သတိမထားမိဟန်။ခြေတစ်လှမ်းလှမ်းတိုင်း သွေးကွက်များသည် ခြေရာအတိုင်း ပေါ်နေ၏။

"မာမီ သတိထား"

"သားကြီးကို ဘာလို့လုပ်ခဲ့တာလဲ"

သက်တန့် မာမီအား ပြောလိုက်သံသည် မာမီနားအတွင်းသို့ မဝင်ရောက်နိုင်ဟန်။ဒယ်ဒီကိုသာ ကြည့်ရင်း မေးနေသည်။မျက်ရည်များသည် ကျက်သရေရှိသော မာမီမျက်နှာထက်၌ နားခိုနေ၏။

"မြင့်သားကကို့စကားမှနားမထောင်တာ ကိုယ်လုပ်သင့်တာလုပ်ခဲ့တာ နောင်တမရဘူး"

"မာမီ!!!"

ဒယ်ဒီစကားအဆုံး မာမီသည် နေရာ၌ လဲပြိုကျခဲ့သည်။သက်တန့် ထိုင်နေရာမှ မာမီအနားအမြန်သွားကာ ဖေးမလိုက်ရ၏။

"ဒယ်ဒီကို ဒီလိုလူမျိုးလို့မထင်ခဲ့လို့ သားကူပေးခဲ့တာ၊ ဒယ်ဒီအတွက်ကတော့ သားတစ်ယောက်ပဲ ဆုံးရှုံးရတာ၊ သားအတွက်တော့ အကိုတစ်ယောက် ဆုံးရှုံးခဲ့ရတာ၊သားဆိုတာ အချိန်မရွေးပြန်ရနိုင်ပင်မဲ့ အကိုက​တော့ပြန်မရနိုင်တော့ဘူး...အခုကစပြီး ဒယ်ဒီနဲ့ပတ်သက်သမျှသားနဲ့မဆိုင်တော့သလို၊ သားနဲ့ပတ်သက်တာလည်း ဒယ်ဒီနဲ့မဆိုင်တော့ဘူး"

နာကျင်ပါသည်။တစ်ဘဝလုံး လေးစားခဲ့ရသော ဖခင်တစ်ဦးအား ဤသို့ပြောရခြင်းကို။

အပြစ်ဖို့မိပါသည်။ကိုကို ဆုံးပါးချိန်၌ မျက်ရည်တစ်စက်မကျသော ဒယ်ဒီကို ကြံခိုင်ချင်ယောင်ဆောင်နေခဲ့ခြင်းဟု ထင်ခဲ့မိသော မိမိကိုယ့်ကို။

နောင်တရမိပါသည်။ကိုကို၏ ထူးဆန်းသော စကားများအား အကြောင်းစုံမမေးမြန်းခဲ့ခြင်းအတွက်။

သက်တန့် မားမီအား ဖေးမထူကာ ထလိုက်ချိန်တွင် အခန်းတွင်းဝင်ရောက်လာသော ဂုဏ်အား တွေ့လိုက်ရသည်။

"ဂုဏ်"

အခန်းထဲသို့ ဝင်လာသော ဂုဏ်အား အံ့သြလျက် ခေါ်မိသည်။

ဂုဏ် ရောင် ဝါ [Completed]Where stories live. Discover now