Extra 2

1K 28 1
                                    

Zawgyi

“ကိုကို ဆင်းလို့ ရရဲ့လား။ ကျွန်တော် ခေါ်ရမလား...”

သက်တန့် ဆေးရုံက ဆင်းပြီးပြီခြင်း အိမ်သို့ တန်ပြန်လာခဲ့သည်။ ကဲကဲလှုပ်နေသော ဂုဏ်သည် သက်တန့်ကို မျက်စေ့အောက်က အပျောက်မခံ။ ယခုလည်း ကားပေါ်က ဆင်းဖို့ရန်အလုပ် သက်တန့်လက်ကို ဆုပ်ကိုင်လိုက်သော ဂုဏ်။ နှုတ်မှလည်း ဂရုစိုက်ရန် တဖွဖွပြောနေသည်။ မသိရင် သက်တန့်က ခရီးရှည်ထွက်ရမယ့် လူကြနေတာပဲ။

ဂုဏ်လေးလုပ်မှ သက်တန့်က ‌ကျိုးကြေလွယ်သော ကြွေအိုးနဲ့ တူနေသည်။

“ဂုဏ်လေး၊ အစ်ကိုဘာသာ ဆင်းပါမယ်”

သက်တန့်ပြောလိုက်ရာ အလိုမကျသလို ဂုဏ်က ကြည့်လာသည်။ မျက်ဝန်းညိုများက 'ကိုကို့ကို ကျွန်တော် ပွေ့ပြီး ခေါ်သွားချင်တာ'လို့ ပြောနေသလိုပဲ။

“သခင်လေး”

ဦးမောင်ရဲ့ ခေါ်သံက ‌ကားပေါ်မှ မဆင်းရသေးသော သက်တန့်နဲ့ ဂုဏ်ကို အသိ‌ဝင်စေသည်။ ဂုဏ်သည် သက်ပြင်းတစ်ချက်ချရင်း သက်တန့်ထက် အရင်ဆင်းသွားသည်။

'ဂုဏ် စိတ်ဆိုးသွားပြီးလား'

သက်တန့် အတွေးများနဲ့ စိုးရိမ်စွာ ကြည့်လိုက်ရာ ဂုဏ်ကျောပြင်ကို မတွေ့တော့ဘူး။

*ကျည်*

သက်တန့်ဖက်က ကားတံခါးဆွဲဖွင့်သံနဲ့အတူ ဂုဏ်ရဲ့ ရုပ်ချောချောလေး ပေါ်ထွက်လာသည်။ ထိုအခါမှ သက်တန့်ရဲ့ စိုးရိမ်စိတ်တို့ လွှင့်ပယ်ရလေသည်။

“ကိုကို...”

တိုးဖျဖျ ခေါ်သံက အပြစ်မကင်းရိပ်များ ရောယှက်လျက်။ ဂုဏ်ရဲ့ အသံနေ အသံထားအရ ဂုဏ်လေး ဘာကို စိုးရိမ်နေလဲဆိုတာ သက်တန့်သိသည်။

သက်တန့်၊ ဂုဏ်ကို အတောက်ပဆုံး အပြုံးတစ်ပွင့်ဖြင့် ပြုံးပြရင်း လက်လှမ်းလိုက်သည်။ ဂုဏ်ကလည်း နေမင်းကြီးနဲ့အပြိုင် ပြုံးပြရင်း သက်တန့်ကို အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။

ယခင်က အထီးကျန်စွာ တစ်ကိုယ်တည်း လျှောက်လှမ်းခဲ့ရသည့်အဝင်လမ်း။ ယခုတော့ အတောက်ပဆုံး အပြုံးတွေနဲ့ ကောင်လေးနှစ်ယောက်က ယှဉ်တွဲလျှောက်လှမ်းနေခဲ့ပြီ။

ဂုဏ် ရောင် ဝါ [Completed]Tempat cerita menjadi hidup. Temukan sekarang