🍃 Special Part 🍃

2.3K 134 3
                                    

Zawgyi

နေရောင်သည် သက်တန့်၏ မျက်နှာတည့်တည့်သို့ နားခိုသောအခါ မျက်ဝန်းနက်တို့ဖွင့်ဟ၍ နိုးထလာရ၏။ဘေးဘက်ကြည့်ချိန် ဂုဏ်အား မတွေ့ရ။အစောကြီး နိုးနေသည်ဟု ထင်မိသောကြောင့် ထထိုင်ကာ အခန်းတွင်း ကြည့်မိလိုက်သည်။

သို့သော် ယခင်လို ဆိုဖာပေါ်တွင် laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသော ဂုဏ်အား မတွေ့။သက်တန့်လည်း အများကြီးမစဉ်းစားတော့ ကိုယ်လက်သန့်စင်ရန် အိပ်ရာမှထပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။

ရေချိုးခန်းထဲအရောက်တွင် မှန်ပေါ်၌ ကပ်ထားသော note paper အပြာလေးအား တွေ့လိုက်ရတာကြောင့် ယူကြည့်လိုက်သည်။

[ကျွန်တော် အလုပ်ကိစ္စ အရေးကြီးလို့ ကိုကို့ကိုမနိုးဘဲ အလုပ်သွားပြီးနော်]

စာအားဖတ်ကာ သက်တန့် အလိုမကျ ဖြစ်မိသည်။

'ဂုဏ်လေး မေ့နေတာများလား'

အတွေးတို့နှင့်အတူ ဝမ်းနည်းစိတ်ကကြီးစိုးလာ၏။

'ဂုဏ်လေးကအလုပ်များနေလို့နေမှာပါ'

သက်တန့် မိမိကိုယ့်ကို ဖြေသိမ့်ကာ ကိုယ်လက်သန့်စင်လိုက်၏။

♥♥♥♥♥♥♥

သက်တန့် အိမ်အောက်ထပ်သို့ ဆင်းလာချိန်တွင် ဧည့်ခန်း၌ ထိုင်နေသော ရွက်ဝါအား တွေ့လိုက်ရသည်။
Shirt အင်္ကျီအပြာနုလေးနှင့် ပုဆိုးတို့အား တွဲဖက်ဝတ်ဆင်ထားပုံမှာ ရွက်ဝါနှင့် လိုက်ဖက်လှသည်။

"ကိုရွက်ဝါ လာလည်တာလား"

ရသနှင့် အတူတူနေနေပြီဖြစ်သော ရွက်ဝါအား မေးလိုက်တော့ သက်တန့်ကို ရွက်ဝါသည် အသာပြုံးပြရင်း...။

"ဒီနေ့ ငါတို့မွေးနေ့မလား၊ သက်တန့်ရောင်စီသွားရအောင်"

ရွက်ဝါစကားကြောင့် သက်တန့် အနည်းငယ် လွမ်းဆွတ်သွားရသည်။

"ကဲပါ မွေးနေ့မှာ စိတ်ညစ်မနေနဲ့၊ သွား...အဝတ်အစား သွားလဲ"

သက်တန့်လက်အား ဆွဲကာ အခန်းထဲပြန်ခေါ်လာသော ရွက်ဝါနောက်သို့သာ လိုက်ခဲ့လိုက်သည်။

ဂုဏ် ရောင် ဝါ [Completed]Where stories live. Discover now