🍃 35 🍃

2.5K 138 0
                                    

Zawgyi

၆လကြာပြီးနောက်...

သက်ဝင်လှုပ်ရှားနေသော ရန်ကုန်မြို့ကြီး၌ ရုံဆင်းချိန် ဖြစ်သောကြောင့် လှုပ်ရှားသွားလာနေကြသော လူအထွေထွေတို့သည် မျက်ဝန်းအိမ်ရွေ့လျားရာ နေရာတိုင်း၌ ရှိနေ၏။

ရန်ကုန်မြို့ကားလမ်းမထက်၌ ကားနက်လေးတစ်စီးသည် များစွာသောကားများကြား မောင်းနှင်လျက်ရှိသည်။

"သူဋ္ဌေး ဂျပန်ဘက်ကကုန်တွေ နောက်လရောက်လိမ့်မယ်၊ ပြီးတော့ ပြင်ဦးလွင်ဘက်မှာ ရှယ်ယာဝင်ထားတဲ့ ကျောင်းတစ်ခုရဲ့ဖွင့်ပွဲလည်းသွားဖို့ရှိပါတယ်"

ရသရဲ့အပြောအား ဂုဏ်နားထောင်နေလိုက်သည်။ လက်များသည်တော့ laptop ပေါ်တွင် ရွေ့လျားလျက်။

"ဆေးရုံရောက်ဖို့လိုသေးလား"

မိမိမှာ လုပ်ငန်းအကြောင်းအား ပြောပြနေသော်လည်း ဂုဏ်စီမှထွက်ပေါ်လာသော အမေးသည်အခြားတစ်ခု။

လွန်ခဲ့သော နှစ်လကျော် သုံးလလောက်တွင် ဒေါ်မြင့်မိုရ်၏ တိုက်တွန်းပြောကြားမှုကြောင့် လုပ်ငန်းများအား ပြန်လည် လုပ်ကိုင်လာခဲ့သည်။

နဂိုတော်လွန်သော ဂုဏ်ကြောင့် လုပ်ငန်းများမှာ ပိုမိုအောင်မြင်လာခဲ့၏။ သက်တန့်သည်တော့ ယခုထိမနိုးသေး။ ခြောက်လမျှ မေ့မျောနေဆဲဖြစ်သည်။

"ရောက်တော့မယ်"

ရသအပြင်ဘက်အား တစ်ချက်ကြည့်ရင်း ပြောလိုက်မှသာ ဂုဏ်မျက်ဝန်းတို့ အရောင်ပိုမိုတောက်ပလာ၏။

•••••••••••••••••

ဆေးရုံရောက်သည်နှင့် ကားပါကင်ထိုးပြီးနောက် ဂုဏ်အရင်ဆုံး ထွက်လာခဲ့သည်။ ထို့နောက် ကိုကိုရှိရာအခန်းစီသို့ တက်လာခဲ့လိုက်၏။

"မောင်မင်းရှင်ဂုဏ် ရောက်လာပြီးလား"

"ဟုတ်ကဲ့"

ဂုဏ်အား စီးကြိုမေးနေသော ဒေါ်မြင့်မိုရ်ကိုပြန်ဖြေလိုက်ရင်း ကိုကိုဘေးဝင်ထိုင်လိုက်သည်။

"အန်တီပြန်လိုက်တော့မယ်"

"ဟုတ်ကဲ့ အောက်မှာရသရှိတယ်၊ သူလိုက်ပို့ပေးလိမ့်မယ်"

ဂုဏ် ရောင် ဝါ [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ