🍃 29 🍃

2.6K 158 0
                                    

Zawgyi

မိုးနတ်သားသည် မည်သည့်အကြောင်းအား ဝမ်းနည်းမှန်းမသိ သည်းထန်စွာ ငိုကြွေးနေသောနေ့တစ်နေ့။ညီညီသည် အိပ်ယာထက်၌ လဲနေခဲ့၏။မျက်နှာဖြူဖြူလေးသည် အဖျားရှိန်ဖြင့် နီရဲလျက်။မျက်ဝန်းလေးများသည် မှိတ်စက်ကာ အနားယူနေ၏။

"သွား သက်တန့်ရောင် အခုချိန်ကစပြီး မင်းကငါ့သားမဟုတ်တော့ဘူး!!!"

ဒယ်ဒီ၏ ဒေါသတကြီးပြောသံသည် မိုးရေများကြားတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းနှင့်အတူ ညီညီ၏ မျက်ဝန်းတို့ ဖွင့်ဟလာခဲ့သည်။

ဒယ်ဒီနှင့်ကိုကိုအား စိုးရိမ်သောကြောင့် ညီညီလည်း အားယူထရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။သို့သော် ကိုကို့ကိုတော့ မတွေ့။ငိုနေသော မာမီအား နှစ်သိမ့်ပေးနေသော ဒယ်ဒီကိုသာ တွေ့ရသည်။

"ဒယ်ဒီ ၊မာမီ ကိုကိုရော..."

"သူ့အကြောင်းမပြောနဲ့တော့သားငယ်၊ ဒယ်ဒီစီမှာ သားတစ်ယောက်ပဲရှိတော့တယ်၊ မြင့်လည်းခံစားမနေနဲ့တော့ သူ့ကတောင်မိဘတွေကိုပြတ်နိုင်သေးတာပဲ ကိုယ်တို့ကဘာကိုဂရုစိုက်ရမှာလဲ"

အမှန်ပင် ဒေါသထွက်နေပုံရသော ဒယ်ဒီသည် ညီညီနှင့်မာမီအား ပြောရင်း အရုပ်ကြိုးပြတ် ဖြစ်နေသောမာမီအား ခေါ်ကာ အပေါ်ထပ် တက်သွားလေသည်။

ညီညီလည်း အပြင်ထွက်ကာ ကြည့်သော်လည်း ကိုကိုအားမတွေ့တော့။

"ကိုကို!!"

အနည်းငယ် အက်ကွဲနေသောညီညီ အသံသည် မိုးစက်များကြား တိုးဝင်ပျောက်ကွယ်ခဲ့ရသည်။ညီညီ ခေါ်နေသော သူ၏ ထူးသံကိုတော့ မကြားရ။

•••••••••••••••••

မြူများဆိုင်းနေသော ဝန်းကျင်တစ်ခု။တိတ်ဆိတ်မှုတွေသာ ကြီးဆိုးနေသည်။မိမိခြေ၊လက်အစုံအား ပြန်မမြင်နိုင်သည်အထိ မှောင်မိုက်လှသည်။ဤနေရာသို့ ညီညီမည်သို့ ရောက်လာခဲ့မှန်းမသိ။မမြင်ရသော်လည်း အလင်းရောင်များ တွေ့မလားဟုသော မျှော်လင့်ချက်နှင့် ရှေ့သို့လျှောက်လှမ်းလာမိသည်။

"ညီညီ"

ခေါ်သံတစ်ခု။ညီညီရင်းနှီးနေ​သောအသံ။အသံကြားရာသို့ ညီညီလှည့်ပတ်ကြည့်သော်လည်း မည်သူမျှမတွေ့ရ။မြူမှိုင်းမှိုင်းတို့ကိုသာ မြင်ရသည်။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora