Zawgyi
ရေချိုခန်းထဲရောက်မှ ဂုဏ်သတိရကာ ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပြုံးရင်း...။
"ခင်ဗျား ဝင်လာခဲ့အုန်း"
"ဂုဏ်ဘာဖြစ်လို့လဲ"
ဂုဏ်ရဲ့ အသံအဆုံးတွင် သက်တန့်က ရေချိုးခန်းထဲ ဝင်လာကာ မေးလိုက်သည်။
bathtube ထဲရောက်နေသော ဂုဏ်ကြောင့် သက်တန့် မျက်နှာလွှဲလိုက်မိသည်။ချောမွတ်ကာ ဖြူဆင်းနေသော အသားအရည်က ရေထဲတွင် ကြည့်ကောင်းစွာ တည်ရှိနေသည်။အဖြူရောင်အမြုပ်များက တောင့်တင်းသော ခန္ဓာကိုယ်ပေါ်တွင် ဟိုဟိုဒီဒီ ကပ်ငြိလျက်...။
"ကျွန်တော့်ကိုရေချိုးပေး"
ဂုဏ်ရဲ့ စကားသံနောက်တွင် သက်တန့်ရဲ့ နှာခမ်းဖူးတို့က အံ့သြဟန် ဝိုင်းစက်သွား၏။နားရွက်ငယ် နှစ်ဖက်သည်လည်း ရဲရဲနီလျက်။
"ဘာရပ်လုပ်နေတာလဲ။လာချိုးပေးလေ"
ဇင်ယော်တောင် မျက်ခုံးတန်းတို့က အလယ်တွင် စုရုံရောက်ရှိလျက် ပြောလာသော ဂုဏ်ကြောင့် သက်တန့်ရဲ့ လက်သွယ်လေး နှစ်ဖက်က ဂုဏ်ရဲ့ ချောမွတ်သော ကျောပြင်ကျယ် စီသို့ အလည်ရောက်ခဲ့လေသည်။
တစ်နေရာထိတိုင်း ရဲလာသော သက်တန့်ပုံစံက မီးကျီးခဲပမာ။
"ခေါင်းလျှော်ပေး"
လဲလျောင်းလျက် ပြောလာသည့် ဂုဏ်စကားကြောင့် ဘေးတွင်ရှိသော ခေါင်းလျှော်ရည်ကြည်တို့က သက်တန့်ရဲ့ လက်သေးလေးထဲတွင် နေရာယူခဲ့သည်။
လက်နှစ်ဖက်အား ပွတ်လျက် အမြုပ်ထစေပြီးသော် ဂုဏ်ရဲ့ ဆံနက်များစီသို့ ဦးတည်လိုက်၏။
ချောမွတ်သည်ဟု မဆိုသာသော ဂုဏ်ရဲ့ ဆံနက်များက အဖြူရောင် အမြုပ်များအောက် ပျောက်ဆုံးခဲ့ရသည်။
သက်တန့်ရဲ့ လက်သွယ်လေးများဖြင့် ထိမိလိုက်တိုင်း ကြည်လင်သွားသည့် ဦးခေါင်းကြောင့် ဂုဏ် မသိလိုက်စွာ ငြိမ်နေမိသည်။
"ပြီးပြီး ဂုဏ်"
တိတ်ဆိတ်သော အခန်းထဲတွင် သက်တန့်ရဲ့ ချိုမြိန်သော အသံငယ်လေးက ထွက်ပေါ်လာသည်။ရေအေးတို့ဖြင့် သန့်စင်ပြီးသော ဦးခေါင်းထက်တွင် ဆံနက်လေးများက ဝင့်ကြွားစွာ တည်ရှိနေသည်။
ВЫ ЧИТАЕТЕ
ဂုဏ် ရောင် ဝါ [Completed]
Любовные романыcover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့ အဆုံးသတ်ကရော ဘာများဖြစ်လေမလဲ...။ Started date: :18.7.2021 End date: : 16.10.2021