🍃 22 🍃

2.8K 153 4
                                    

Zawgyi

လမင်းသည် ဦးခေါင်ထက်သို့ ရောက်ရှိနေသော အချိန်တွင် ခြံဝန်းတစ်ခုအတွင်းသို့ ကားလေးတစ်စီး ဝင်လာခဲ့၏။ထိုကားလေးသည် အိမ်ကြီး၏ ပေါ်တီအောက်တွင် ထိုးရပ်သွားခဲ့သည်။

ထို့နောက် ကားပေါ်မှ အိပ်ပျော်နေဟန်တူသော ကောင်လေးတစ်ယောက်အား ပွေ့ချီလျက် ခန့်ညားသော ကောင်လေးတစ်ယောက် ဆင်းလာခဲ့သည်။

"သခင်လေး..."

ဦးမောင်ရဲ့ ခေါ်သံကို ဂုဏ် အမူအရာနှင့် တိတ်တိတ်နေရန် အချက်ပြကာ အပေါ်ထပ်သို့ သက်တန့်အား ချီလျက် တက်လာလိုက်သည်။

အခန်းထဲရောက်သည်နှင့် သက်တန့်အား သန့်ရှင်းရေးလုပ်ပေးကာ အိပ်ယာပေါ်တွင် အသာချပေးလိုက်၏။

"အင့်...အဲ..."

သည်းသံသဲ့သဲ့ ထွက်ပေါ်လာသော်လည်း မျက်ဝန်းများက ဖွင့်ဟမလာသည့် သက်တန့်ကို ဂုဏ်ကြည့်မိ၏။

ပန်းသွေးခြယ် နှုတ်ခမ်းဖူးလေးက အနည်းငယ် ဖုယောင်လျက်။အဖြူရောင်လည်တိုင် ကျော့ကျော့တွင် အနီရောင်အမှတ်အသား အချို့က လှပစွာ။ရှင်းလင်းနေသော မျက်နှာလေးသည် မြင်သူတိုင်းကို ရင်အေးစေသည်။ဆံပင်နက်နက်တို့က နဖူးလေးပေါ်တွင် ကျဆင်းနေရာယူလျက်။

မုန်းချင်ပါသည်။ဤလူသားဟာ အမဖြစ်သူ၏ သေဆုံးခြင်းနှင့် ဂုဏ်ရဲ့မိဘမဲ့ဘဝတို့ ဖြစ်ပေါ်ရာ သက်ဆိုင်သူ ဖြစ်နေသောအခါ။သို့သော် မုန်းချင်စိတ်တို့သည် ဤလူသား၏ အပြုံးလှလှနှင့် မျက်နှာနုနုတို့ကြား ဝေးဝါးလျက်။လက်စားချေချင်စိတ်တို့သည် ရိုးသားဖြူစင်ဟန် မျက်ဝန်းနက်တို့ကြား ပျောက်ဆုံးခဲ့ရသည်။

'ဘာလို့များ ကျွန်တော့်အမနဲ့ ပတ်သက်ခဲ့ရတာလဲဗျာ'

မည်သူမှ မကြားစေရန် ဂုဏ်ရဲ့အတွေးတို့က အတွေးများအဖြစ်သာ အဆုံးသတ်စေခဲ့သည်။

အညိုရင့်ရင့်စောင်အောက် သက်တန့်အား ထည့်လျက် ဂုဏ်ပါ ဘေးတွင် လှဲကာ အိပ်စက်အနာယူလိုက်သည်။

ချစ်ခြင်းမေတ္တာသည် အမုန်းထက်ပိုပြီး အားကောင်းနေခဲ့သော်...

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora