🍃 8 🍃

2.7K 172 0
                                    

Zawgyi

'ဒေါက်...ဒေါက်'

တံခါးခေါက်သံ နှစ်ချက် အဆုံးတွင် ရသက အခန်းထဲဝင်လာကာ ဂုဏ်ကိုဖိုင်တစ်ခု ပေးလာသည်။

"သူဋ္ဌေးရှာခိုင်းထားတဲ့သူအကြောင်းပါ"

ရသအပြောကြောင့် ဂုဏ် လုပ်လက်စကိုချကာ ဖိုင်ကို လှမ်းယူလိုက်သည်။ဂုဏ်မျှော်လင့်သောသူ ဖြစ်စေချင်စိတ်ကြောင့် ဖိုင်ကိုဖွင့်ချိန် စိတ်လှုပ်ရှားမှုက အနည်းငယ် ဝင်ရောက်လာသည်။

ဖိုင်ကိုဖွင့်ချိန် ပထမဆုံးပေါ်လာသည်က ရွက်ဝါရိပ် ရဲ့ဓာတ်ပုံ။မျက်နှာဝိုင်းဝိုင်း နှာတံပေါ်ပေါ်ဖြင့် အလွန်ချစ်စရာ ကောင်းလေသည်။နှာခမ်းပါးလေးတွင်လည်း အပြုံးတို့က ခိုနာလျက်ရှိသည်။

နောက်တစ်ရွက်ကို ကြည့်ချိန် ကိုယ်ရေးအကျဉ်းအား ဖော်ပြထားသည်။

အမည် = ရွက်ဝါရိပ်
အသက် = ၃၀နှစ်
အဖ = ဦးထွန်းဥာဏ်
အမိ = ဒေါ်မိုးမိုး
ပညာအရည်အချင်း = B.Act

အသက် ၃၀နှစ်ဟု မထင်ရအောင် နုပျိုလှသည်။

'အသက်၃၀အရွယ်တွေကဒီလိုနုဖက်တဲ့ပုံစံရှိတာလား'

ရွက်ဝါရဲ့ အသက်အားတွေ့ချိန် သက်တန့်ရဲ့ အသက်ကို သတိရမိတော့ ဂုဏ်တွေးမိလိုက်သည်။

ထိုအခါမှ နေမကောင်းသော သက်တန့်ကို ဂုဏ်သတိရမိသည်။

'ဦးမောင်ရှိနေတာပဲ'

သက်တန့် အကြောင်း အတွေးများကို ခေါင်းထဲမှ ထုတ်ကာ ရသကို ကြည့်လိုက်တော့ အလိုက်သိစွာ ပြောပြလာသည်။

"ရွက်ဝါရိပ်ကအခုအမေတစ်ခုသားတစ်ခုဘဝနဲ့သူ့အမေကိုရှာကျွေးနေတဲ့သူပါ။အစကအတော်အသင့်ချမ်းသာတဲ့မိသားစုကပဲ...လွန်ခဲ့တဲ့ဆယ်နှစ်ကဦးထွန်းဥာဏ်ရဲ့စီးပွားရေးတွေကျဆင်းသွားခဲ့တာကြောင့်...ဦးထွန်းဥာဏ်ရဲ့ညီမစီမှာနေရင်း အလုပ်လုပ်ခဲ့တယ်။ဦးထွန်းဥာဏ်ကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တည်းက ဆုံးသွားပါပြီး။ဦးထွန်းဥာဏ်ဆုံးပြီးနောက် သားအမိနှစ်​ယောက် သက်သက်အိမ်ငှါး​နေခဲ့တယ်။ဒီနေ့ကုမ္ပဏီကို လာတာကအလုပ်လာလျှောက်တာ...ကျွန်တော်လက်ထောက်နေရာကို..."

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora