🍃 14 🍃

2.5K 167 2
                                    

Zawgyi

ဘောလုံးအင်္ကျီ ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် ဘောလုံးတစ်လုံးအား လက်ထဲတွင် ကိုင်လျက် အိမ်ကြီးထဲသို့ အပြေးလေးဝင်လာလေသည်။

ဂုဏ် အိမ်ထဲရောက်သည်နှင့် မမသည် အပြင်သွားရန် လှေကားမှ ဆင်းလာသည်အား တွေ့လိုက်ရသည်။

"မမ ဘယ်သွားမလို့လဲ"

"မမ အပြင်ခဏသွားမလို့ မောင်လေး"

"ဘာသွားလုပ်မှာလဲမမ၊ အပြင်မှာ မိုးတွေရွာနေတာ မသွားပါနဲ့လားဟင်..."

ဂုဏ် ခေါင်းလေးအား တစ်ချက်ဖွရင်း ပြောလာသော မမကို ဂုဏ်တားသော် မမကပြုံးပြရင်း...

"ရောင်ကမမကိုအရေးတကြီးပြောစရာရှိတယ်ဆိုလို့ မမတကယ် ခဏလေးပဲသွားမှာပါ"

"မမ မသွားလို့မရဘူးလား၊ မားနဲ့ပါးလည်းမရှိကြဘူး...သားတစ်ယောက်တည်းမနေချင်ဘူး"

မျက်ရည်များဝိုင်းကာ ပြောနေသော ဂုဏ်ရဲ့ပါးလေးအား မမကတစ်ချက် ပွတ်သပ်ပေးရင်း...

"မမကအကြာကြီးသွားမှာမှမဟုတ်တာ၊ ဦးမောင်တို့နဲ့ခဏနေခဲ့နော်၊ မမပြီးရင်ပြန်လာမယ်"

"မရဘူး ၊ မမ မသွားရဘူး"

မမကိုယ်အား ဂုဏ်လက်သေးလေးများနှင့် ဆွဲကာတားသော်လည်း မမက ဂုဏ်လက်လေးများအား ဖြုတ်ကာ ထွက်သွားလေသည်။

ဂုဏ်ကိုကျောခိုင်းကာ ထွက်သွားသော မမရဲ့ ပုံရိပ်သည် ဝေးဝါးစွာနှင့် ပျောက်ကွယ်သွားခဲ့လေသည်။ဂုဏ်လက်ထဲမှ ဘောလုံးလေးသည်တော့ သယ်ယူသူမရှိတော့သောကြောင့် လိမ့်ကာလိမ့်ကာနှင့် အပြင်ဘက်ထွက်သွားလေ၏။

••••••••••••••••

"မ..မမ"

တိုးညှင်းသော ခေါ်သံနှင့်အတူ ဂုဏ်ရဲ့မျက်ဝန်းတို့ဖွင့်ဟ လာခဲ့လေသည်။

'မမ ပြောတော့ ခဏလေးသွားမှာပါဆို၊ အခုတော့ ကျွန်တော့်ကိုထားခဲ့တာ ဆယ်နှစ်ရှိသွားခဲ့ပြီး'

အတွေးတို့နှင့်အတူ မျက်ရည်စက်လေး တစ်ပေါက်က မျက်ဝန်းအိမ်ထဲမှ ခုန်ပေါက်ကာ ထွက်လာခဲ့သည်။ထွက်လာသော မျက်ရည်စအား ဂုဏ် ခပ်ကြမ်းကြမ်း တစ်ချက်သုတ်လိုက်ရင်း ဘေးဘက်ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေသော သက်တန့်ကို တွေ့လိုက်ရသည်။

ဂုဏ် ရောင် ဝါ [Completed]Hikayelerin yaşadığı yer. Şimdi keşfedin