🍃 25 🍃

2.7K 156 2
                                    

Zawgyi

တစ်နေ့တွင် ဒယ်ဒီ၊ ရွက်ဝါအား ထပ်မံအမိန်ပေး ပြောကြားလာခဲ့သည်။

"မင်းရှင်ဂုဏ်ကမင်းကိုယုံလာအောင်အပြင် ချစ်လာအောင်လုပ်ရမယ်"

'ဒယ်ဒီအတွက် သားကအသုံးချခံသာသာပဲလား'

ရွက်ဝါအတွေးများအား ဒယ်ဒီကို မေးလိုက်ချင်မိသည်။

"သူနဲ့ငါ့သား ကွဲသွားရင် မင်းတာဝန်ပြီးပြီး၊ ငါပြောတာနားလည်လား"

"ဟုတ်"

ဘာတတ်နိုင်မည်လဲ။ကိုယ့်ဘဝကိုယ် မပိုင်သောအခါ ခေါင်းညိတ်၍သာ နာခံရ၏။

ဒယ်ဒီပြောသလို အတတ်နိုင်ဆုံး လုပ်ချင်ခဲ့ပါသည်။ဒယ်ဒီသား ဖြစ်တာခြင်းအတူတူ ရွက်ဝါထက် ပိုသာနေသော သက်တန့်အား မုန်းခဲ့သည်ဟု ထင်ခဲ့မိပါသည်။

သို့သော် ရေထက်ပျစ်သော သွေးကြောင့် သက်တန့်အား မြင်ချိန်တွင် ညီတစ်ယောက်သဖွယ် ခံစားခဲ့ရ၏။
မမုန်းရက်ခဲ့ပါ။ရွက်ဝါကဲ့သို့ အကြောင်းစုံ မသိသူအား။

ဖြူစင်သောမျက်ဝန်းများသည် ရွက်ဝါအား လက်နက်ချစေရန် လုံလောက်ခဲ့သည်။မြတ်နိုးမှုအပြည့်နှင့် ဂုဏ်အား ကြည့်နေသော အကြည့်များကြောင့် လုမယူရက်ခဲ့ပါ။

•••••••••••••••

နေမင်းသည် ဦးခေါင်းထက်သို့ ရောက်နေသော အချိန်တွင် အခန်းတွင်းမှ လူသုံးယောက်သည် အတွေးကိုယ်စီနှင့် တိတ်ဆိတ်လျက်။

အချိန်တချို့ကြာမှ ရသ၏ အသံထွက်ပေါ်လာသည်။

"ရေသောက်လိုက်အုန်း ကိုရွက်ဝါ"

ရွက်ဝါအား ရေခွက်ကမ်းပေးသော ရသကို ယဲ့ယဲ့ပြုံးပြလိုက်သည်။

"ကိုရွက်ဝါနဲ့ သက်တန့်ရောင်က တစ်နေ့တည်းမွေးတာပေါ့"

"အင်း"

ရသအမေးကို ရွက်ဝါ ခေါင်းညိတ်ရင်း တစ်ခွန်းတည်းသာ ဖြေမိသည်။

တစ်ရက်တည်း မွေးခဲ့ကြသော လူတွေဖြစ်သော်လည်း ကံကြမ္မာသည် ခွဲခြားပြီး မျက်နှာသာပေးခဲ့သည်။

တစ်ယောက်သည် လူအများရဲ့အရှေ့တွင် ရဲဝင့်စွာ ပွဲလယ်တင့်နေချိန် အခြားတစ်ယောက်ကတော့ တိုးတိတ်စွာသာ ငေးမောနေရ၏။

ဂုဏ် ရောင် ဝါ [Completed]Où les histoires vivent. Découvrez maintenant