🍃 23 🍃

2.8K 149 0
                                    

Zawgyi

(A/N ဤ အပိုင်းပါ အကြောင်းအရာများနှင့် စကားများသည် ဇာတ်လမ်း လိုအပ်ချက်အရ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စောက်ကားလိုခြင်း မရှိပါ။)

ရွက်ဝါအမေ၏ အမည်အစစ်မှာ ဒေါ်အရိပ်ဝါဖြစ်သည်။ ဒေါ်အရိပ်ဝါသည် ယခင်က bar တစ်ခုမှ ကောင်မလေးတစ်ယောက် ဖြစ်သည်။

တစ်နေ့ လူတစ်ယောက်အား မြင်မြင်ချင်း ချစ်ခင်ခဲ့သည်။ထို့ကြောင့် သူ(မ)ရဲ့ အရာရာအား ပေးအပ်ကာ ထိုလူ၏ အငယ်အနှောင်းဘဝတွင်သာ နေထိုင်ရင်း ကျေနပ်နေခဲ့သည်။

သူ(မ)လိုချင်ခဲ့သည်မှာ ထိုလူ့အနားတွင် နေထိုင်ရန်ဆန္ဒတစ်ခုသာ ရှိခဲ့သည်။သူ(မ)၏ ဆန္ဒများမှာ ပြည့်ဝခဲ့ပါသည်။

သို့သော် ထိုဆန္ဒများသည် သူ(မ)၏ လူ့လောကထဲ မရောက်လာသေးသော ကလေးအတွက်တော့ အချုပ်အနှောင်တစ်ခု ဖြစ်ခဲ့သည်။

"ဝါ မင်း ဘာပြောလိုက်တယ်!!!"

ဝါအား အော်ကာ မေးလာသော အကိုကြောင့် ဝါ၏ ကိုယ်လေးမှာ တစ်ချက်တုန်သွားလျက်။အံ့သြလို့ မေးသည်ဟု ထင်မိသောကြောင့် ပြောပြီးသားစကားကို ထပ်မံပြောပြလိုက်သည်။

"ဝါမှာ အကိုနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီး..."

"ဖျက်ချလိုက်"

ပျော်ရွှင်စွာပြောလာသော ဝါရဲ့စကားကို အကို့၏ အေးစက်စက်စကားတစ်ခွန်းက ရပ်တန့်လိုက်၏။

"အ...အကို ဘာပြောလိုက်တယ်"

မယုံနိုင်ဟန် ဝါ မေးမိတော့ အကိုနှုတ်ဖျားစီမှ အတည်ပြုချက် ထပ်မံထွက်ပေါ်လာသည်။

"ဖျက်ချလိုက်လို့ မင်းကိုပြောနေတာ"

"ဘာ...ဘာလို့လဲ အကို...ဝါ အကိုတစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့တာလေ..."

"ငါသိတယ် မင်းမေ့နေတာတစ်ခုကိုသတိပေးရရင် မင်းကအငယ်အနှောင်းတစ်ယောက်ပဲ၊ မင်းရဲ့တာဝန်က ငါလိုအပ်ချိန်မှာ အဆင်သင့်ရှိနေယုံပဲ၊ ငါ့သွေးသားကို မွေးပေးဖို့မဟုတ်ဘူး"

ရက်စက်လွန်းတဲ့ အကို၏ စကားများသည် ဝါ နှလုံးသားအား ဓားထက်ထက်နှင့် မွှန်နေသကဲ့သို့။လူအများ၏ ရွံ့ရှာဟန် မျက်ဝန်းများနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ဤလောက် ဝါအား မနာကျင်စေခဲ့။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora