🍃 32 🍃

2.6K 146 0
                                    

Zawgyi

မိုးတွေသည်းနေသော အချိန်၊ တော်ဝင်ပုဂ္ဂလိဂဆေးရုံကြီး၏ operation room အရှေ့တွင် ကောင်လေးတစ်ယောက်ဟာ ငေးငိုင်စွာ ထိုင်နေသည်။

'ဘာလို့ ကျွန်တော့်ကို စောစောပြောမပြခဲ့တာလဲဗျာ...ကျွန်တော့်ကို ထားမသွားပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်'

ဂုဏ်စိတ်အတွင်း၌ အမျိုးမျိုးတောင်းဆိုသံတို့အား အသက်လုနေရသော သက်တန့်သည် မကြားနိုင်။

'ကိုကို့နားနောက်က အမှတ်ကိုတွေ့လိုက်ရတုန်းက ကျွန်တော်ဘာကြောင့်သံသယ မဝင်မိတာလဲ၊ ဘာလို့များ ညီအကိုတွေမလို့ ပါတာလို့ ထင်ခဲ့မိရတာလဲ'

ဂုဏ်နှင့်သက်တန့်၏ ပထမဦးဆုံးအကြိမ် ကိုယ်ချင်းနှီးနှောစဉ် တွေ့မြင်ခဲ့ရသော အမှတ်။ ကိုကိုအဝါလေး ထံ၌သာရှိသော အမှတ်။ ထိုအချိန်၌ ညီအကိုဟူသော အကြောင်းပြချက်ကြောင့် သံသယမဝင်ခဲ့မိခြင်း။

'ကျွန်တော်က အရာရာကိုသေချာ မတွေးတော့ မလေ့လာခဲ့ဘူး၊ ကျွန်တော့် ဘာလို့များ နှလုံးသားစကားကို နားမထောင်ခဲ့မိတာလဲ'

သက်တန့်နှင့် တွေ့ချိန် အချက်ပေးနေသော နှလုံးသားအား ဂုဏ် လျစ်လျူရှူခဲ့မိသည်။ ထိုသို့ပြုလုပ်ခဲ့မိခြင်းသည် ဂုဏ်အား နောင်တတို့ တပွေ့တပိုက်ရစေခဲ့၏။

"ဆရာမ...ဆရာမ ကိုကို့အခြေအနေဘယ်လိုရှိလဲ"

operation room ထဲမှ ထွက်လာသော သူနာပြုလေးအား ဂုဏ်ဆွဲတားကာ မေးမိသည်။

ဂုဏ်စကားအား သူနာပြုမလေးသည် ပြန်မဖြေနိုင်။ ဂုဏ်လက်တို့အား ဖယ်ရှားကာ အလျင်စလို ပြေးထွက်သွားလေရဲ့။ သိပ်မကြာ သွေးအိတ်များသယ်ဆောင်ကာ ပြန်ရောက်လာပြီး အလျင်အမြန် ပြန်ဝင်သွားလေသည်။ဂုဏ်စကားအား ပြန်ဖြေရန် မည်သူမျှမအားကြ။

"လက်တွေသုတ်လိုက်အုန်း"

wet tissue တစ်ခုလာပေးသောရသကြောင့် ဂုဏ်အသိဝင်ကာ ကြည့်မိတော့ ဂုဏ်လက်တို့၌ ထင်စွန်းနေသော နီနီရဲရဲ သွေးများ။ သက်တန့်၏ သွေးများ။ ဂုဏ်အမုန်းတွေကြောင့် ဤသွေးတို့ဖြစ်ပေါ်လာရခြင်း။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora