🍃 33 🍃

2.6K 141 1
                                    

Zawgyi

"ဂုဏ် တစ်ခုခုစားလိုက်ပါလား"

အောက်ဆီဂျင်ပိုက်များနှင့် အသက်လုနေရသော သက်တန့်ကို ICU ခန်းအပြင်မှကြည့်နေသော ဂုဏ်ဘေးလာကာ တိုက်တွန်း​နေသော ရသကို ဂုဏ် ခေါင်းသာခါပြလိုက်သည်။

"မင်း တစ်နေ့လုံး ရေတောင်မသောက်ရသေးဘူးလေ တစ်ခုခုတော့စားလိုက်ပါ"

ရသ၏ပြောနေမှုအား ဂုဏ်ဘာမှပြန်မပြောနိုင်။ ကိုကို့အခြေအနေအား သေးသေးလေးတောင်မှ မသိလိုက်ရမည်စိုးသောကြောင့် မျက်တောင်မခတ် ကြည့်နေမိသည်။

ဂုဏ်အား ပြောမရသောကြောင့် ရသလည်း ပြန်ထွက်သွားလေသည်။

•••••••••••••••

ရသ ၊ဂုဏ်အတွက် တစ်ခုခုစီစဉ်ပေးရန် ထွက်လာခဲ့သည်။

ရသဒယ်ဒီအပေါ်တွင် ဂုဏ်ဒယ်ဒီ၏ ကျေးဇူးရှိဖူးသောကြောင့် ဂုဏ်မိဘများဆုံးပါးချိန်၌ စောင့်ရှောက်ပေးခဲ့သည်။

ဂုဏ်အား နိုင်ငံခြားသို့ ပို့ခဲ့စဉ် ရသပါအတူတူလိုက်ပါသွားခဲ့ရသည်။

ရသနှင့်ဂုဏ်သည် တစ်ယောက်နှင့်တစ်ယောက် ဖေးမရင်းနှင့်သာ သူစိမ်းနိုင်ငံတွင် နေခဲ့ရသည်။

ဂုဏ်မြန်မာပြည် ပြန်လာချိန်၌လည်း ဂုဏ်လက်ထောက်အနေဖြင့် ရသကူပေးဖြစ်ခဲ့သည်။

အခြားသူများရှေ့တွင်သာ အလုပ်ရှင်နှင့် အလုပ်သမားပုံစံ ပြောဆိုဆက်ဆံနေကြသော်လည်း ကျန်အချိန်များတွင် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ကြသည်။

ရသ၊ ဂုဏ်နှင့်အကြောင်း စဉ်းစားရင်း လျှောက်လှမ်းလာစဉ် လမ်း၌ ရင်းနှီးနေသော ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။ ထို့ကြောင့် အနားသွားကာ ခေါ်လိုက်၏။

"ကိုရွက်ဝါရိပ်"

ရသခေါ်လိုက်ချိန် တစ်ဘက်လှည့်နေသော ရွက်ဝါ၏ ကိုယ်လေးတုန်သွားကာ ရသဘက်သို့ လှည့်ကြည့်လာသည်။

"ရသ"

"ဒီကိုဘာလာလုပ်တာလဲ၊ အခုချိန်မှာ အကို၊ ဂုဏ်ရှေ့မလာသင့်ဘူး"

ရသပြောလိုက်တော့ ရွက်ဝါသည် ကြမ်းပြင်အား ညှိုးငယ်စွာ ကြည့်ရင်း...။

ဂုဏ် ရောင် ဝါ [Completed]Kde žijí příběhy. Začni objevovat