🍃 15 🍃

2.7K 166 1
                                    

Zawgyi

"အကိုနေဖို့အခန်း ကျွန်တော်လိုက်ပြမယ်လေ"

တင်းမာ၍ တစ်မျိုးထူးဆန်းနေသော လေထုအား ဂုဏ်ရဲ့ စကားတစ်ခွန်းက ဖြတ်တောက်လိုက်သည်။

ထိုအခါ ရွက်ဝါက ဂုဏ်ကိုပြုံးပြရင်း...

"ကောင်းပြီးလေ"

ဟုဆိုကာ ထရပ်လိုက်သည်။နောက်မှသတိရဟန်...

"အကို အမေကအပေါ်ထပ်မတက်နိုင်ဘူး၊ အောက်ထပ်မှာပဲအခန်းစီစဉ်ပေးပါလား"

"ရပါတယ် ရသ၊ ဦးမောင်ကို သွားပြောပြီးစီစဉ်ပေးလိုက်ပါ"

"ဟုတ်ကဲ့သူဋ္ဌေး"

ရသက ဦးမောင်ကို သွားပြောပြီးနောက် ပြန်လာကာ ဂုဏ်ကို ပြောလာသည်။

"ကျွန်တော်ရုံးပြန်တော့မယ် သူဋ္ဌေး"

ရသအပြောကို ဂုဏ် ခေါင်းညိတ်ပြလိုက်တော့ ရသက ထွက်သွားလေသည်။

"လာ အကို"

ရွက်ဝါကို ခေါ်ကာထွက်သွားသော ဂုဏ်တို့ နှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ကာ သက်တန့်ရဲ့ နှလုံးသားတို့ နာကျင်လာရသည်။

ဒါဟာ ယှဉ်ပြိုင်ပွဲတစ်ခုဆိုလျှင် ချစ်ရသူအား ပျော်ရွှင်မှုသာ ပေးချင်မိ၏။

•••••••••••••

နေ့လည်စာ ထမင်းစားချိန်တွင် သက်တန့်ကအရင် ထိုင်နေပြီး ဂုဏ်တို့အား စောင့်နေလိုက်သည်။သိပ်မကြာ ဂုဏ်နှင့် ရွက်ဝါတို့ အတူတူတွဲလျက် စကားပြောကာ ဝင်လာကြသည်။

"ဂုဏ် ၊ ရွက်ဝါ ထိုင်ကြနော်"

သက်တန့် ပြုံးလျက်သာ ပြောလိုက်သော်လည်း သက်တန့်ကို ပြန်ဖြေသူဟူသည် နတ္တိ။

"အကို ထည့်စားနော်၊ အကိုဘာကြိုက်တတ်မှန်းမသိလို့ အဆင်ပြေတာချက်ခိုင်းထားတယ်၊ နောက်မှအကိုကြိုက်တာကိုပြောထားလိုက်ပေါ့"

"ကျေးဇူးဂုဏ် အကိုကအဆင်ပြေပါတယ်"

သုံးယောက်ထိုင်နေသော ဝိုင်းတွင် သက်တန့်သည် လူပိုတစ်ယောက်လိုသာ ဖြစ်နေရ၏။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora