Zawgyi
"ကိုကို"
ဥယျာဉ်ထဲ၌ ထိုင်နေသော သက်တန့်စီသို့ ခေါ်သံတစ်ခုသည် ဦးစွာ ပျံ့လွှင့်လာခဲ့သည်။
သက်တန့်လှည့်မကြည့်ဘဲနှင့် မည်သူမှန်း သိလိုက်ရသောကြောင့် နှုတ်ခမ်းထက်၌ အပြုံးပန်းတို့ ပွင့်လန်းမိသည်။
"ကိုကို ဒီမှာထိုင်နေတာကြာပြီးဆို ဦးမောင်ပြောလို့ လိုက်လာတာ"
ရုံးပိတ်ရက် ဖြစ်သောကြောင့် အိမ်၌ရှိနေသော ဂုဏ်လေး။ အခန်းထဲ၌ အလုပ်ကိစ္စများလုပ်နေချိန် သက်တန့် ထွက်လာမိခြင်း။ သိပ်မကြာသေးသော်လည်း တစ်နေ့လောက်ထိုင်နေသလို ပြောလာသူကို သက်တန့် ချစ်မျက်စောင်းလေးသာ ထိုးမိသည်။
"ကိုကို တစ်ခုခုဖြစ်လို့လား"
သက်တန့်ကိုယ်အား အနောက်မှသိုင်းဖက်ကာ မေးလာသော အမေးကို သက်တန့် ခေါင်းခါပြလိုက်သည်။
"ကိုကို အိမ်မှာပဲနေရတော့ပျင်းနေမှာပေါ့ ကျွန်တော်တို့ အပြင်ထွက်လည်ကြမလား"
သက်တန့် ပခုံးပေါ် မေ့တင်ရင်း မေးလာပြန်သည်။
"ဂုဏ်လေးကဘယ်သွားမလို့လဲ"
သက်တန့်အမေးအဆုံး ပါးပြင်စီသို့ ဖိကာလာသော ဂုဏ်လေး၏ နှုတ်ခမ်းလွှာအား ခံစားလိုက်ရသည်။
သက်တန့်လည်း ဂုဏ်လေး၏ တစ်ခါတစ်ရံ ထိုသို့ နမ်းတတ်သော အကျင့်အား နေသာကျနေသောကြောင့် မည်သို့မျှ မပြောတော့။
ပြောပြန်လျှင်လည်း "ကိုကို့ကိုအသည်းယားလို့" ဆိုပြီး ပြန်ပြောမည်ကိုသာ သိနေလေသည်။
"Dolphin cafe "
Dolphin cafe သည် ယခုနှစ်ပိုင်းသာမက လွန်ခဲ့သောနှစ်တွေတည်းက အောင်မြင်နေသော cafe ဖြစ်သည်။ အထူးသဖြင့် လူငယ်စုံတွဲများကြားတွင် ရေပန်းစားလှသည်။ အတွင်းပိုင်း၌ အမျိုးမျိုးဆန်းကြယ်သော ပုံစံတို့ရှိသည်။
"အာ့..."
သက်တန့်တွေးနေစဉ် ပွေ့ချီလိုက်သော ဂုဏ်လေးကြောင့် အလန့်တကြား ဖြစ်သွားရသည်။
"ကိုကိုလန့်သွားလား"
"ရုတ်တရက်မလို့ပါ အဆင်ပြေတယ်"
YOU ARE READING
ဂုဏ် ရောင် ဝါ [Completed]
Romancecover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့ အဆုံးသတ်ကရော ဘာများဖြစ်လေမလဲ...။ Started date: :18.7.2021 End date: : 16.10.2021