🍃 34 🍃

2.5K 131 3
                                    

Zawgyi

အချိန်ဟူသည် တရွေ့​ရွေ့ဖြင့် ကုန်ဆုံးလျက်ရှိသည်။ နေမင်း တစ်လှည့် လမင်းတဖန် ရွေ့လျား တာဝန်ယူရင်း သုံးလဟူသော အချိန်တစ်ခုအား ကျော်ဖြတ်၍လာခဲ့၏။

အဖြူရောင် အခန်းထဲရှိ ကုတင်ထက်ဝယ် ကောင်လေးတစ်ယောက်ရှိနေ၏။ အောက်ဆီဂျင်ပိုက်များသည် ထိုကောင်ချောလေး၏ မျက်နှာအား ရှုပ်ထွေးစွာ နေရာယူထားကြသည်။

ကုတင်ဘေးရှိခုံတွင် မရိတ်သိမ်းရသေးသော နှုတ်ခမ်းမွှေးရေးရေးနှင့် ကောင်လေးတစ်ယောက်လည်း ရှိသည်။ မျက်ဝန်းညိုတို့သည်တော့ အသက်မဲ့စွာ။ ဝမ်းနည်းပူဆွေးလျက်။

"ကိုကို သုံးလတောင် ကျော်နေပြီး ပြန်လာပါတော့၊ ကျွန်တော့်ကို ကိုကို တစ်ယောက်တည်း မထားဘူးမလား"

ဝမ်းနည်းသံတို့နှင့် တိုးတိတ်စွာဆိုနေသော သူသည် ဂုဏ်သာဖြစ်သည်။ ကုတင်ထက်ဝယ် နေရာယူထားသူမှာ သက်တန့်။ ခွဲစိတ်မှုအပြီးတွင် မည်သည့်အချိန်၌ ပြန်လည်နိုးထလာမည်မှန်း မှန်းဆ၍မရနိုင်သော အိပ်စက်ခြင်းစီသို့ ဝင်ရောက်သွားသည်။

ဆရာဝန်များ အပြောအရ လလောက်ကြာနိုင်သလို၊ နှစ်ချီ၍လည်း ကြာသွားနိုင်သည်။

လှုပ်ရှားမှုမရှိသော သက်တန့်၏ လက်တို့အား ဂုဏ်ဆုပ်ကိုင်ထားမိသည်။ ဂုဏ်စကားတို့ တိတ်ဆိတ်သွားချိန် နှလုံးခုန်နှုန်းပြစက်မှ တတီတီအသံသည်သာ အခန်းတွင်းအကျယ်ဆုံး ဖြစ်နေ၏။

••••••••••••••••

လူသားတို့သည် ဒုက္ခအခက်အခဲကြုံလာလျှင် ပထမဆုံးတတ်သည်မှာ မိဘဖြစ်သည်။ နောက်ထပ်အားကိုးရာသည် ဘုရားသာဖြစ်သည်။

ယခုလည်း ဒေါ်မြင့်မိုရ် သားအတွက်ဘုရားတွင် လာဆုတောင်းနေခဲ့ခြင်း။ အညိုရောင်ရင်ဖုံး၊ထဘီတို့နှင့် ကျက်သရေရှိသော်လည်း မျက်နှာထက်ရှိ ပူပင်သောကကိုတော့ ဖုံးကွယ်မရပေ။

ဘုရားရင်ပြင်ပေါ်ရောက်နေသော်လည်း ရင်ထဲအနည်းငယ်မျှ အေးချမ်းမသွား။မိမိသားလေး ပြန်လာရန်အတွက်သာ ဆုတောင်းနေမိသည်။

"အန်တီ ဂုဏ်ကို ကျွန်တော်တို့ ဒီအတိုင်းလွှတ်ထားလို့ မဖြစ်ပါဘူး"

ဂုဏ် ရောင် ဝါ [Completed]Tahanan ng mga kuwento. Tumuklas ngayon