🍃 30 🍃

3K 168 2
                                    

Zawgyi

သက်တန့်၏ အတွေးတို့ အတိတ်မှ ပစ္စုပ္ပုန်သို့ ပြန်လည်ရောက်ရှိချိန်တွင် ဒယ်ဒီတို့အိမ်သို့ ရောက်နေပြီးဖြစ်သည်။

ဒယ်ဒီသည် မာမီနောက်ကွယ်တွင်ဖောက်ပြန်ခြင်းနှင့် ကိုကိုအားသတ်ခဲ့ခြင်းမှာ မဖြစ်နိုင်ပါဟု မိမိကိုယ်ကို အားတင်းရင်း အိမ်ထဲသို့ ဝင်သွားလိုက်သည်။

"သား ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"

သက်တန့် အိမ်ထဲဝင်ဝင်ချင်း အပေါ်ထပ်မှ ဆင်းလာသော မာမီသည် ဆီးကြိုမေးသည်။

နီညိုရောင် မြန်မာဝမ်းဆက်ဝတ်ဆင်ထားသော မာမီသည် ကျက်သရေရှိစွာ လှပေနေ၏။တစ်လှမ်းခြင်း လျှောက်လှမ်းလာပုံမှာ သိမ်မွေ့လွန်သည်။

သက်တန့်အား တွေ့ချိန် ကျက်သရေရှိသော မာမီမျက်နှာထက်၌ အပြုံးတစ်ပွင့် ပွင့်လန်းနေ၏။

ဒယ်ဒီအကြောင်းအား မာမီသိခဲ့လျှင် ဤသို့ ပြုံးရိပ်တို့ ထင်ကျန်နိုင်ပါမလား။

"မာမီ...ဒယ်ဒီရော"

အတတ်နိုင်ဆုံး မာမီမရိပ်မိအောင် အသံတို့ ထိန်းလျက် မေးလိုက်သည်။

"သား ဒယ်ဒီ..."

"သား တစ်ယောက်တည်းလား"

မာမီစကားမဆုံးခင် စာကြည့်ခန်းမှ ဒယ်ဒီသည် ထွက်လာရင်း သက်တန့်အား မေးလာ၏။

သက်တန့်ကို အပြုံးလေးနှင့် မေးနေသော ဒယ်ဒီကြောင့် ရွက်ဝါ၏ စကားများကို မယုံကြည်နိုင်တော့။ဒယ်ဒီသည် ထိုသို့လူတစ်ယောက် လုံးဝ မဖြစ်နိုင်။သို့သော် သက်တန့် ရှင်းလင်းအောင် သိရန် မေးစရာရှိသည့်ကို မေးမြန်းရမည်။

"ဒယ်ဒီနဲ့နှစ်ယောက်တည်း စကားပြောချင်တယ်"

ဒယ်ဒီအားပြောလိုက်တော့ ဒယ်ဒီသည် ​ခေါင်းညိတ်အဖြေပေးရင်း စာကြည့်ခန်းထဲ ဝင်သွားသည်။သက်တန့်လည်း ဒယ်ဒီနောက်မှ လိုက်ဝင်ခဲ့လိုက်၏။

•••••••••••••••••

အနက်ရောင်တို့ ကြီးစိုးနေသော စာဖတ်ခန်းတွင် ဒယ်ဒီသည် သက်တန့်ရှေ့ မျက်နှာချင်းဆိုင် ခုံတွင်ထိုင်လျက်ရှိပြီး သက်တန့်သည်တော့ အခြားဘက်တွင် ထိုင်လျက်ရှိသည်။

ဂုဏ် ရောင် ဝါ [Completed]Hikayelerin yaşadığı yer. Şimdi keşfedin