အပိုင်း (၂)

3.5K 171 23
                                    


🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂)

မေရှင်းရာ ကကြိုးဟုထင်ရသောကောင်လေးနောက်သို့ပြေးလိုက်သွားသည်။ ဒီအချိန်မှ ခြေလှမ်းတွေကသယ်ရတာလေးနေသလို။
အဖြူရောင်ကျောင်းစိမ်းဝတ်စုံနဲ့ဆရာမတစ်ယောက်ကျောင်းဆောင်ထဲပြေးသးလွှားနေတာသင့်တော်သည်မတော်သည်မသိတော့ အရေးကြီးတာရှေ့ကလူကိုမှီလာဖို့.....

" ကကြိုး ''

မလှမ်းမကမ်းရောက်တော့ ကကြိုး ဟူသော အမည်နာမကို ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ သို့သော်ငြား ထိုကောင်လေးက လှည့်ကြည့်မလာခဲ့။

" ကကြိုး ''

နောက်တစ်ကြိမ်ထပ်ခေါ်သည်။ လှည့်ကြည့်လာခြင်းမရှိ။

" ကကြိုး ''

သုံးကြိမ်မြောက်ခေါ်လိုက်ချိန်မှတော့ အရှေ့က စာအုပ်တွေတပွေ့တပိုက်နဲ့လူက မေရှင်းရာဘက်ကိုလှည့်ကြည့်လာသည်။

" ကျွန်တော့်ကိုခေါ်တာလားဗျ ''

ပကတိ ဖြူစင်တဲ့မျက်နှာနဲ့မေးလာသောလူကိုကြည့်ခြင််းအားဖြင့် သူ့ကိုခေါ်နေမှန်းရိပ်မိဟန်ပင်မတူပါ....

တကယ်ပဲကကြိုးမဟုတ်ဘူးလား... ဟုတ်တယ်သူကဘယ်လိုလုပ်ကကြိုးဖြစ်နိုင်မှာလဲ ကကြိုးဆုံးသွားခဲ့တာ (၁၀)နှစ်တောင်ကြာခဲ့ပြီလေ။
ငါဘာတွေရူးနေမိပါလိမ့်...  မေရှင်းရာကိုယ့်အတွေးနဲ့ကို ရှုပ်ယှက်ခပ်​နေသ​ဖြင့်တစ်ဖက်က မေးသံကိုကြားလိုက်ရမှပြန်တည်ငြိမ်သွားသည်။

" ဟို.... စောစောက ကျွန်တော့်ကိုခေါ်တာလားဗျ ''

" sorry ပါရှင့် ကျွန်မလူမှားသွားတာပါ ''

  နောက်ဆုံးမဖြစ်နိုင်ဘူးဟုတွေးကာ မေရှင်းရာခေါင်းခါ​ငြင်းလိုက်မိသည်။

တစ်ဖက်လူက ခေါင်းညိတ်ပြီးသည်နှင့် စာအုပ်တွေကိုပိုက်လျက် ပြန်ထွက်သွားသော်လည်း မေရှင်းရာစိတ်ထဲမှာ ပုစ္ဆာတွေကရှိနေဆဲ... တူတယ်ကကြိုးနဲ့အရမ်းကိုတူတာ..  သူနှုတ်ကသာကကြိုးလို့ဖြေလိုက်ရင် မေရှင်းရာ ခြွင်းချက်မရှိယုံလိုက်မှာ.. ရုပ်ကလေးတော့နည်းနည်းပြောင်းသွားတယ် အသားလေးတွေ အဖြူစွတ်ရာကအညိုနည်းနည်းသမ်းလာတယ် ပါးဖောင်းလေးတွေတော့မရှိတော့ဘူး.... အရင်ကထက်အရပ်လည်းပိုရှည်လာတယ်... ဒါပေမဲ့သူက ကကြိုးမဖြစ်နိုင်ပါဘူး.. ကကြိုးဟာ သေဆုံးသွားတာကြာခဲ့ပြီလေ....

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now