🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၂)
" ချမ်းနေလား ... ''
ကကြိုးနဲ့ လရိပ်မာန်မိုးရေထဲမှာအကြာကြီးနေပြီးကာမှနောက်ဆုံးအဖျားတက်မည်စိုးသောကြောင့် မိုးခိုဖို့နေရာရှာခဲ့ကြရသည်။ ဒါကိုပင်ကကြိုးက မိုးမခိုချင် မိုးရေထဲမှာ ဆက်နေချင်နေသေးသည်။
နောက်ဆုံးလရိပ်မာန်ကပင် ဆွဲခေါ်ပြီးအနီးနားမှာရှိတဲ့အိမ်ထဲသို့ဝင်ခဲ့ကြရသည်။ တံတားနားမှာ ရေခဲခြစ်ရောင်းသောဆိုင်လေးပင်ဖြစ်သည်။ ဆိုင်ရှင်အဒေါ်ကြီးကိုခွင့်တောင်းပြီးပင်အိပ်လိုက်ရသည်။ ထိုအဒေါ်ကြီးကပင်သူတို့လဲဖို့အတွက် ယောင်္ကျားဖြစ်သူရဲ့အဝတ်စားတွေပင်ထုတ်ပေးသည်။
" ညနေစာရော စားပြီးကြပြီလား ကောင်လေးတွေ .... ဒေါ်လေးတို့နဲ့အတူ ဝင်စားပါလား ''
" စားပြီးပြီဒေါ်လေး နှစ်ယောက်လုံးစားထားပြီးပြီ ''
" အေးအေး... လိုအပ်တာရှိရင်လည်းပြောပေါ့ကွယ် ''
" ဟုတ်ကဲ့... ကျေးဇူးပါဗျ ''
ထိုအခါ အဒေါ်ကြီးလည်း ထမင်းစားဖို့ထွက်သွားတော့သည်။ ဘေးနားကအကောင်ပေါက်ကတော့စောစောက မိုးရေထဲဆော့နေသူနှင့်မတူစွာ ခိုက်ခိုက်တုန်ချမ်းနေလေသည်။ စောင်ခြုံလေးထဲမှာလူပါမြုပ်နေလေသည်။
" ချမ်းနေပြီလားဟင်... အာ့ကြောင့်ဆက်မဆော့ဖို့ပြောတာ... ဒါတောင်ဆော့ချင်နေတုန်း ''
လရိပ်မာန်ပြောရင်းပင် ကကြိုးရဲ့နဖူးကိုခပ်ဖွဖွတောက်ပေးလိုက်သည်။ ထိုအခါစောင်ခြုံထဲကကောင်လေးက သူ့နဖူးလေးကိုပွတ်ရင် ပေစောင်းစောင်းကြည့်လာပြန်သည်။ထိုကောင်လေး၏အမူယာကိုကြည့်ပြီး လရိပ်မာန်ခပ်ဖွဖွသာရယ်မိတော့သည်။
" ကျွန်တော်အိပ်တော့မယ်... ခင်ဗျားလည်းအိပ်ချင်အိပ်တော့ မီးမှိတ်ပြီ ''
ကကြိုးပြောပြီး မီးအိမ်ကိုပိတ်ကာ စောင်နွေးနွေးဖြင့်ကွေးလိုက်တော့သည်။ မှိတ်မှောင်သွားသောမီးအလင်းရောင်နဲ့အတူ ကောင်လေး၏အသက်ရှူသံခပ်မှန်မှန်လေးလည်းထွက်လာတော့သည်။

STAI LEGGENDO
လရိပ်ဆင်သည့်ကကြိုး Season2
Storie d'amoreချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???