အပိုင်း(၄)

2.6K 155 8
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၄)

   လရိပ်မာန်တစ်ယောက် ပန်းသီးသည်ဆီက ကြားလိုက်ရသည့်ဖြေသံကြောင့် သွေးသားတွေပင် ပြောင်းပြန်စီးသွားသလိုခံစားလိုက်ရသည်။
တကယ်ပဲ ပန်းသီးဝယ်ပြီးကိုက်စားနေသည့်ကောင်လေးရှိခဲ့တယ်တဲ့ ။ ကကြိုး... ကကြိုးလား... (၁၀) နှစ်တာသေဆုံးခဲ့ပြီဆိုကာမှ ခုတော့သူတွေ့လိုက်တဲ့ပုံရိပ်ကလေးက တကယ်ရှိတယ်တဲ့ ။ ဒါဆိုကကြိုးမသေခဲ့ဘူးပေါ့
  
    စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူသံတွေဟာမြန်လာသလို ရင်အုပ်ကျယ်ကြီးသည်လည်း နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ရင်ဘတ်ထဲမှ တစ်ဆို့နေသည့်အရာသည်လည်း ပွင့်ကျသွားသလိုခံစားလိုက်ရသည်။ ပျော်ရွှင်မှုကြောင့်လား ဝမ်းနည်းမှုကြောင့်လားမသိပေမဲ့ ပါးပြင်ပေါ်သို့ မျက်ရည်ပူတွေက လိမ့်ဆင်းကျလာသည်။ လရိပ်မာန်တစ်ယောက် အရူးကြီးတစ်ယောက်လို ဈေးသည်တွေကြားမှာမျက်ရည်လည်ရွှဲနှင့်ပြုံးဝင့်လျက်  ကောင်လေးရှိမည့်နေရာကို မှန်းဆကာ ထွက်လာလိုက်သည်။

   ​ရောင်​ခြည်သစ်တစ်​​ယောက် ကလောအိမ်ပြန်ရင်မောင်ချစ်စားရအောင် ပန်းသီးအချို့ဝယ်ပြီး သူလည်းထိုနေရာမှာတင် ပန်းသီးသည်ကိုရေးဆေးခိုင်းပြီး တစ်လုံးကိုကိုက်ခွဲစားလိုက်သည်။ လျှာဖျားပေါ်တင်လာတဲ့ပန်းသီးအရသာကိုခဏတာမျှခံ ပြီးသည်နှင့် ပယင်းရှိနေသည့် အထည်ဆိုင်ကို ပြန်လာခဲ့သည်။

" ညီမ ကျွန်တော့်သူငယ်ချင်းရောဗျ ''

ဆိုင်ထဲတစ်ချက်ကြည့်တော့ ဧည့်ထိုင်ရအောင်ချထားသည့်နေရာတွင် ပယင်းကိုမတွေ့ရတာကြောင့် ရောင်ခြည်သစ်မေးလိုက်ခြင်းဖြစ်သည်။

" အစ်ကို့ သူငယ်ချင်းက အထဲမှာရှိတယ် ဟိုအခန်းထဲဝင်သွားလိုက် ''

" ကျေးဇူးနော်ညီမ ''

   ရောင်ခြည်သစ် အခန်းတံခါးဖွင့်ပြီးဝင်သွားလိုက်တော့ အသင့်ထိုင်နေသော ပယင်းကိုတွေ့ရသည်။ ဘေးမှာလည်း ပမျိုးသမီးတစ်ယောက်နဲ့အတူထိုင်နေပြီး အဖွဲ့ကျနေပုံရသည်။

   " ပယင်း ဝယ်ပြီးပြီလား ''

ရောင်ခြည်သစ်အသံကြားတော့ပယင်းကစကားစဆက်ဖြတ်၍သူ့ဆီလှည့်လာသည်။

လရိပ်ဆင်သည့်ကကြိုး Season2Nơi câu chuyện tồn tại. Hãy khám phá bây giờ