🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၁)
မှိန်ပျပျညရဲ့အလင်းရောင်အောက်မှာအဖော်မဲ့နေသောလမင်းကြီးကိုရောင်ခြည်သစ်တစ်ဆုံးကြည့်ရှုနေမိသည်။ ကကြိုးဆိုတဲ့လူငယ်လေးရဲ့ဘဝမှာမပြည့်ဆုံခဲ့တဲ့ဆန္ဒတွေကိုလည်းသူဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက်တို့သည်မှန်လားမှားလားသူမသိတော့ သူသိတဲ့တစ်ခုတည်းသော အရာကားသူနဲ့ဆက်နွယ်နေတဲ့ ကကြိုးဆိုသည့်ကောင်ငယ်လေး၏ဝိညာဉ်ကိုငြိမ်းချမ်းစေချင်သည်။ ရောင်ခြည်သစ် တစ်ချက်ပြုံးလျက်...
တည်ခင်းထားတဲ့ရေနွေးကရားထဲရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်လိုက်ရင်းလက်ဖက်ခြောက်လေးတွေကိုကစားလိုက်သည်။ ပြီးသည်နှင့် ရေနွေးကြမ်းခါးခါးကိုတစ်ကျိုက်မော့သောက်လိုက်သည်။ ပူနွေးနွေးခပ်ခါးခါး ရေနွေးကြမ်းရဲ့အရသာက ခန္ဓာတစ်လျှောက်စီးဆင်းသွားသည်။ အေးစိမ့်စိမ့်ညရဲ့ အချမ်းတို့ကိုပင်ပေါ့သွားစေသည်။ အရသာကိုပြီးပြည့်စုံစွာခံစားရင်းလက်ကိုနောက်ပစ်လျက်ကောင်းကင်ပြင်ကိုမော့ကြည့်လိုက်သည်။ အမှောင်ယံညဆိုသော်ငြားကြယ်တွေကတော့ စုံလင်လှသည်။
" ရောင်ခြည်မအိပ်သေးဘူးလားဗျ အပြင်မှာအေးတယ်နော် ''
တစ်ယောက်ထဲထိုင်ကာ ကောင်းကင်ကိုကြည့်နေသော ရောင်ခြည်သစ်နားကိုလျှောက်လာရင်းသူ့လက်ထဲမှာကိုင်ထားသည့်ရေနွေးပန်းကန်နဲ့ ရဲနေအောင်ခပ်ထားသောလက်ဖက်ခြောက်တို့ကိုကြည့်ပြီးလရိပ်မာန်မျက်လုံးတို့ဝိုင်းစက်သွားရသည်။ ဒီလိုညမျိုး လမင်းကြီးထိန်ထိန်သာကာကြယ်တွေဝန်းရံနေတဲ့ည။ ဒီလိုညမှာ သူနဲ့ကျွန်တော် တူတူထိုင်ရင်းစကားပြောခဲ့ကြတယ် ကျွန်တော်ကသူ့ကို ရှုမဝနိုင်အောင်ထိုင်ကြည့်နေခဲ့တယ် ။ညသူကတော့ ရေနွေကြမ်းရဲရဲတွေကို သောက်ရင်း လကိုကြည့်နေခဲ့တာ။
" ကိုလရိပ် ဘာလို့ရေနွေးပန်းကန်ကိုဒီလောက်စိုက်ကြည့်နေတာလဲဗျ အကောင်ဘာညာလည်းမကျပါဘူး ''
" ရောင်ခြည်က ရေနွေးကြမ်းသောက်ရတာကြိုက်တာလား ''
မေးခွန်းကိုအဖြေပြန်မပေးပဲ မေးခွန်းနဲ့သာ တုန့်ပြန်နေတဲ့လရိပ်မာန်၏မျက်လုံးတွေကတစ်စုံတစ်ခုကိုစိတ်ဝင်စားနေသလိုပင်။

YOU ARE READING
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???