🍂 လရိပ်ဆင်သည့်ကကြိုး🍂 ( Season 2) အပိုင်း(၄၂) (ဇာတ်သိမ်းပိုင်း)
ခဲရောင်ကားလေးတစ်စီးကား စိမ်းစိုစိုသစ်ပင်တို့ခြံရံထားသော အိမ်ငယ်လေးတစ်ခုရှေ့သို့ရောက်ချိန်တွင်ရပ်တန့်သွား၏။
ထိုကားပေါ်တွင် ကောင်လေးငယ်တစ်ယောက်ကားမျက်လုံးကိုမှေးစင်းလျက် ဇိမ်ယူကာ လိုက်ပါလာ၏။
ကောင်လေးငယ်ကား ခါတိုင်းနှင့်မတူ ဆိတ်ငြိမ်လွန်းနေ၏။
" ကကြိုး ကိုယ်တို့ရောက်ပြီ ''
တည်ငြိမ်သောထိုအသံပိုင်ရှင်၏လက်တစ်စုံကား ကားတံခါးကိုဖွင့်ပေး၏။ ကားပေါ်က ဆင်းဆင်းချင်း တိတ်ဆိတ်ပတ်ဝန်းကျင်မှ လေပြေညင်းတို့ကား ကကြိုး၏ အိပ်ချင်မူးတူးမျက်လုံးတို့အားပြေလျော့သွားစေ၏။
" ကိုမာန် ''
လရိပ်မာန်၏ ခါးအားအနောက်ကယူသိုင်းဖက်လျက် ကကြိုးခပ်တိုးတိုးခေါ်လိုက်၏။ လရိပ္မာန္က သူ့ခါးကိုကိုင်းလျက်ကကြိုးနားသို့ကပ်လိုက်ပေးသည်နှင့်တစ်ပြိုင်နက် လရိပ်မာန်၏ပါးကို ကကြိုးခပ်ဖွဖွနမ်းလိုက်၏။
" ချစ်တယ်လို့ ကိုမာန်ရ အရမ်းချစ်တယ်ဗျ ''
မတိုးမကျယ် အသံ ခပ်ရှရှဖြင့်ပြောတော့လရိပ်မာန်၏ရင်ခုန်သံစည်းချက်တို့ကား လျင်မြန်လွန်းလာ၏။
" ကျေးဇူးပါဗျာ ဒါကျွန်တော်တို့တူတူနေဖိုပေါ့နော် ''
" ကိုယ်ဒီလိုမြေကွက်မျိုးမနည်းရှာထားရတာ အိမ်ပုံစံကိုတော့ ကိုယ့်ကလေးလေးကြိုက်အောင်အများကြီးပြင်ထားတာ သဘောကျရဲ့လား ''
" ကိုမာန်လုပ်ထားတာမို့ ဘာဖြစ်ဖြစ်သဘောကျတယ် ''
" ဟားဟား ကိုယ့်ကောင်လေးခြွေတယ်ဗျာ ''
" မြ ''
ခြေဖျားထောက်လျက် လိရိပ်မာန်၏ပါးပြင်သို့ထပ်မံနမ်းရှိုက်လိုက်၏။
" ကိုယ့်နှလုံးခုန်သံကိုစမ်းကြည့်ပါအုံးလား ကကြိုးလေးရဲ့အပြုမူလေးတွေကြောင့်ဗြောင်းဆန်နေပြီဗျ ''
ကကြိုး၏လက်ကလေးအားသူ့ဘယ်ဘက်ရင်အုံပေါ်အုပ်မိုးစေကာ ပြောလိုက်တော့ပါးလေးတွေကနီရဲလာပြန်သည်။

VOUS LISEZ
လရိပ်ဆင်သည့်ကကြိုး Season2
Roman d'amourချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???