အပိုင်း(၃၉)

1.5K 63 2
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၉)

" အမား ''

ချည်ထိုးနေသောအမေဖြစ်သူအားဖက်ကာ ဗိုက်လေးပေါ်ခေါင်းတင်လျက် ချွဲနေသောသားဖြစ်သူအားကြည့်ကာ ဒေါ်ရွှေရည်သွဲ့ သဘောတကျရယ်လိုက်မိသည်။

" အမေ့သားလေးက ဘယ်လိုဖြစ်နေတာလဲ '' 

" အမေတို့ကိုလွမ်းလို့ ''

" ​အမေ့သားလေးကအချွဲလေးပါလား
ပင်းတယတုန်းကလည်း သားမာန်ကိုဘယ်လိုတွေများချွဲခဲ့သေးလဲ ''

အမေကသားဖြစ်သူအားငုံ့ကာကြည့်လျက် မျက်ခုံးပင့်ကာမေးလိုက်တော့ကကြိုးတစ်ယောက်ရှက်သွားရပြန်၏။

" ဟာဗျာ အမေကလည်း ''

" အမေ့ကိုပြောပါအုံး...  သားမာန်က သူ့ကိုလိမ်ထားလို့စိတ်ဆိုးနေသေးလား ''

" ဆိုးစရာလားအမေရ... အမေ့သားမက်က သားကိုရှယ်ချစ်ပြီးသား ''

" ဟားဟား... ငါ့သားလေးပျော်ရင်ပြီးတာပါပဲ ''

" ဒေါ်လေးမြခက်တို့မသိသေးဘူးနော်အမေ ''

" အမေသွားပြောကြည့်ပါ့မယ် သူတိို့လည်းသဘောတူမှာပါ ''

" အမေ့ကိုအာ့ကြောင့်ချစ်တာ ရွှတ် ''

  ကကြိုးသူ့အမေ၏ပါးပြင်အားနမ်းရှိုက်ကာ ပိုပြီးတင်းတင်းဖက်လိုက်သည်။

" ဖြည်းဖြည်းလုပ်ပါသားရယ် တကယ်ပဲသူတို့ကိုကူ​ပြောပေးမယ်ဆိုတာနဲ့ ''

"ဟီးအမေကလည်း ''

  ဂုတ်ပိုးကိုပွတ်သပ်လျက် ရှက်ပြုံးလေးသာပြုံးလိုက်တော့သည်။

🌳🌳🌳

  ခပ်မှန်မှန်ခြေလှမ်းတို့နှင့်အတူဒေါက်ဖိနပ်သံကားဟန်ချက်ညီစွာ ထွက်ပေါ်နေ၏။ အနီရောင်မြန်မာဝတ်စုံဝမ်းဆက်ကိုဝတ်ဆင်းထာသောထိုမိန်းကလေးကားကျက်သရေရောအလှရောနှင့်ပါပြည့်စုံနေ၏။ ထိုမိန်းကလေးကား မာနကိုခြုံလွှမ်းလျက် အပြုံးတုတစ်ခုကို ပါးပြင်ထက်မှာလည်းချိတ်ဆွဲထား၏။   

  " ကိုလရိပ်ရှိလား ''

" ဟုတ်ရှိပါတယ်ရှင့် ''

လရိပ်ဆင်သည့်ကကြိုး Season2Wo Geschichten leben. Entdecke jetzt