🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၁)
" အဆင်ပြေရဲ့လား...ညီမ ''
" ဟုတ်ရပါတယ် ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ် ''
မိန်းကလေးမှာ ထော့နဲထော့နဲနှင့် လရိပ်မာန်ဆီမှခွာလိုက်သည်။ ဖြာကျနေသော ဆံပင်တွေကိုလည်းနားရွက်အနောက်သို့သိမ်းပို့လိုက်သည်။
" ဟဲ့ ... မြရောင် ''
အေနာက်ရနေ မိန်းကလေးတစ်ဦးကား ထိုကောင်မလေး၏နာမည်ကိုခေါ်ရင်း အနားသို့ရောက်လာသည်။ ချွေးတွေကျနေပြီးထိုမိန်းကလေးမှာလည်းမောဟိုက်နေသည်။
" ဟုတ် ခု.. အဆင်ပြေကြတယ်မလား ''
လရိပ်မာန်ထိုမိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး ခပ်ကြောင်ကြောင်သာမေးခွန်းထုတ်လိုက်သည်။ တစ်ယောက်ကလည်းသူ့နားမှာထော့နဲ ထော့နဲနှင့် နောက်တစ်ယောက်ကလည်းချွေးစေတွေနှင့် မောဟိုက်နေပြန်၏။
" အဆင်ပြေပါတယ်ရှင်.. ကျွန်မကသူ့ကိုစပြီးပြေးလာတာ အဲ့ဒါ ဒီကအစ်ကိုနဲ့ဝင်တိုက်မိတာ ... ကျွန်မနာမည်က မြရောင်ခြယ်တဲ့... ဒါက ကျွန်မသူငယ်ချင်းပါ နွယ်သစ္စာတဲ့ ''
" ဟုတ် ကျွန်တော့်နာမည်က လရိပ်မာန်ပါ ''
လရိပ်မာန်နှုတ်ဆက်ရင်းပြုံးပြလိုက်သည်။
" အကိုတို့က ပင်းတယကိုအလည်ထွက်လာတာလား ''
" အဲ့လိုကြီးလည်းမဟုတ်ပါဘူး ဒီတိုင်း .... ဘယ်ဆက်သွားရမလဲမသိသေးလို့ဒီမှာ ခဏနားနေတာ ''
" ဒါဆို ညီမတို့နဲ့လိုက်ခဲ့လေ... ညီမလည်းပင်းတယကိုလာတာ လမ်းညွှန်ပါငှားလာတယ် ဟိုးရှေးနားမှာ ကားရောပါတယ် ''
" မဟုတ်တာ ညီမတို့ပဲသွားပါ အကိုတို့က ရတယ်... ပြီးတော့ဆိုင်ကယ်နဲ့ဆိုတော့ကားနဲ့တူတူလိုက်လို့အဆင်မပြေဘူးလေ ''
လရိပ်မာန်ဖြေရှင်းချက်တွေပေးရင်း ခေါင်းကို ခါရမ်းရင်းဝေ့ကြည့်လိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ရေသန့်ဘူးကြီးကိုင်ပြီး ငူငူကြီးရပ်နေသော ရောင်ခြည်သစ်ကိုတွေ့လိုက်ရသည်။

YOU ARE READING
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???