အပိုင်း(၂၈)

1.7K 86 7
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၈)

ညမီးရောင်မှိန်ပျပျက လမ်းကျဉ်းထဲမှာထွန်းလင်းလို့နေသည်။ ဟိုတစ်စဒီတစ်စလူငယ်တစ်စုကလည်း ညရဲ့မီးတောက်ကလေးများလိုလှည့်ပတ်သွားလာနေသည်။

လမ်းကျဉ်းလေးကိုဖြတ်ကျော်ပြီး ဓာတ်မီးရောင်ကိုတစ်ဖန်ပြန်လည်အားကိုးလျက် ရောင်ခြည်သစ်တို့စိုက်ခင်းထဲသို့ နှစ်ယောက်သားလမ်းလျှောက်ရင်းလာခဲ့သည်မှာခုဆိုရင်တဲဘက်ဆီမှလူငယ်တွေ၏အသံတွေကိုလည်းကြားနေရပြီဖြစ်သည်။

လရိပ်မာန်တို့ရောက်သွားတော့ ဦးသာဒင်က ဆန်အရက်ပင်ချက်ပြီးသွားပြီဖြစ်သည်။ ဖိုးမောင်ကလည်း ကြက်သားကောင်လုံးကိုတုတ်ထိုးလျက်ကင်နေသည်။

" ကိုကြီးရောင်ခြည် နဲ့ ကိုကြီးလရိပ်ရောက်လာကြပြီလားဗျ...  ''

  ဖိုးမောင်က မီးဖို​ပေါ်ကကြက်ကောင်ကိုအပူမျှစေရန် လှည့်လိုက်ရင်း ​ပြောလိုက်သည်။

" မင်းက ကိုယ်တိုင်ကြက်ကင်နေတယ်ဆိုတော့ စားမှဖြစ်ပါ့မလားကွ ''

" ဟာ... ကိုကြီးလရိပ်ကတော့နောက်ပြီဗျ..စားဖြစ်ပါတယ်ဗျ မသကာ တူးရုံလေးပေါ့ ဟားဟား ''

ဖိုးမောင်ရဲ့စကားကြောင့် လရိပ်မာန်တို့လူတစ်စု ပွဲကျသွားကျသည်။ ထို့နောက်လရိပ်မာန်ကဘေးဘီကိုဝေ့ကြည့်ရင်း

" ဒါနဲ့ သစ်စတို့ရောမလာသေးဘူးလား...ပယင်းခေါ်လာမယ်ဆို ''

" ရောက်လာပါပြီကွာ အပေါ်မှာသူတို့အုပ်စုအလုပ်ရှုပ်နေကြလေရဲ့ ''

သစ်စ ဟူသောနာမည်ကြောင့် ကကြိုးခေါင်းထောင်သွားသည်။ စိတ်ထဲမှလည်းသူတို့ဘာလာလုပ်ကြတာလဲဟူသောအတွေးက ချက်ချင်းဝင်လာသည်။

" ရောငိခြည်လိုက်ခဲ့လေ... သစ်စနဲ့ပိုင်စေမှူးက မင်းကိုတွေ့ချင်နေတာ ''

ရောင်ခြည့်ကိုတွေ့ချင်နေတာဆိုသောကြောင့်ကကြိုးနည်းနည်းတော့ကြောင်သွားမိသည်။ ရောင်ခြည်ကသူတို့နဲ့အစထဲကသိနေတာလား။

အတွေးနဲ့အတူ တဲအတွင်းသို့ဝင်လာခဲ့သည်။ တဲဆိုသော်ငြား လူနေအိမ်လိုပါပင်။ လူလေးငါးယောက်ကတော့ ကောင်းကောင်းနေလို့ရသည်။ တစ်ထပ်အိမ်အသေးစားကိုမှ ခပ်မြင့်မြင့်လေးဆောက်ထားခြင်းဖြစ်သည်။

လရိပ်ဆင်သည့်ကကြိုး Season2Tempat cerita menjadi hidup. Temukan sekarang