အပိုင်း(၅)

2.7K 157 12
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၅)

နောက်နေ့ညနေမှာတော့ ရောင်ခြည်သစ်တစ်ယောက်တိမ်ပင်လယ်တွေကိုကြည့်ဖို့ တောင်တက်ခရီးတစ်ခုကိုစတင်ခဲ့ရသည်။

  ပယင်းကတော့ပါမလာခဲ့တော့။ ယောင်္ကျားလေးမိန်းကလေးနှစ်ယောက်ထဲဖြစ်သည်မို့ ပယင်းလည်းကျန်နေခဲ့သည်။ တစ်ခြားခရီးသွားလာကြသည့်လူတွေရောရှိသည်မို့ တောင်ပေါ်မှာစခန်းချတဲ့လူတွေတော့များသည်။

  တောင်ပေါ်ရောက်တော့ ချမ်းစိမ့်စိမ့်အအေးဓာတ်ကကျောရိုးတစ်လျှောက်စီးဆင်းသွားကာ ခိုက်ခိုက်တုန်အောင်ပင်ချမ်းလာသည်။ ရောင်ခြည်သစ်သည်လည်း အနွေးထည်ထူထူကြီးတွေကို ဝတ်လျက်လူတစ်ယောက်စာကောင်းကောင်းနေလို့အဆင်ပြေသည့် ရွက်ဖျင်တဲလေးတစ်ခုထိုးကာ နေလုံးပျောက်ကွယ်ကာ ပုစွန်ဆီရောင် သမ်းနေသည့် ရီဝေဝေကောင်းကင်ကျယ်ကြီးကိုကြည့်ရင်းအတွေးတို့ကိုဖြန့်ကျက်လိုက်သည်။ အအေးတို့ပေါ့စေရန် မီးဖိုသေးလေးကိုလည်းမိမိရှေ့မှာဖိုထားလိုက်သည်။ ပူပြင်းနေသော ရေနွေးကြမ်းခါးခါးလေးကိုတစ်ကျိုက်မော့သောက်လိုက်ရင်း အအေးတို့ကိုအံတုကာ ကောင်းကင်ကျယ်ကိုငေးကြည့်ရသည်မှာအလွန်ပင် စိတ်တို့ကိုလန်းဆန်းစေသည်။

  တောင်!  တင်..

   တိုးညှင်းညှင်းဂီတာစမ်းသံလေးတစ်ချက်ကြားရလို့ဘေးဘီကိုဝဲကြည့်လိုက်တော့ တောင်စွန်းမှာထိုင်လျက် တစ်စုံတစ်ခုကိုငေးမောကာ ဂစ်တာကြိုးတွေကို ညှိနေသော လူတစ်ဦးကိုတွေ့ရသည်။  အ​ဝေးမှဆိုသော်လည်း ထိုလူ၏ပသိုင်းမွှေးတွေကိုတော့ လက်ကျန်နေရောင်အောက်မှာမြင်နေရသည်။

   လွမ်းဆွေးမှု ၊ တမ်းတမှု ၊ မြတ်နိုးမှု ၊
မရေတွက်နိုင်သော ခံးစားချက်များစွာနဲ့ ထိုလူရဲ့ ဂစ်တာသံလေးကိုကြားရသည်။ ဘာကြောင့်ရယ်မသိထိုဂစ်တာသံလေးကိုသူကြားဖူးသလိုပင်။ ထိုလူသီဆိုနေသည့်သီချင်းလေးကိုလည်းရောင်ခြည်သစ်သိသည်။ ဒါဟာ '' my love '' ဆိုတဲ့သီချင်းလေး။ သူနှစ်သက်တဲ့သီချင်းတွေထဲကတစ်ပုဒ်။

  အဆက်မပြတ်တီးခတ်နေသော ဂစ်တာသံနှင့် ကြည့်လင်သြရှနေသည့်အသံကား တခြားရွက်ဖျင်တဲများမှလူတွေရဲ့အာရုံကိုပါ ဆွဲဆောင်လိုက်နိုင်သည်။

လရိပ်ဆင်သည့်ကကြိုး Season2Hikayelerin yaşadığı yer. Şimdi keşfedin