🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၆)
ရောင်ခြည်သစ်နဲ့ပယင်းလည်း ညနေမှာ ပင်းတယကိုပြန်ခဲ့ကြသည်။ ထို့အတူ တစ်ယောက်သောသူသည်လည်း ဆေးရုံပေါ်မှာ အောက်ဆီဂျင်ပိုက်တွေတပ်လျက်အသက်ဆက်နေရသည်။
ညအမှောင်မှာ ကောင်းကင်ရဲ့လမင်းကား အတိုင်းဆမဲ့စွာထွန်းလင်းတောက်ပနေသည်။
ဖိုးလမင်း၏အဖိုးအိုသည်ဆန်ဖွပ်လို့ ယုန်ငယ်လေးကားဘေးမှာ ရှိနေသည်။ ကြယ်ရောင်စုံဝန်းရံထားသည့်လမင်းငယ်ကိုငေးမောလျက် ညနေကအတူပါလာသော ဒိုင်ယာရီလေးကိုသတိရသွားသဖြင့်ရောင်ခြည်သစ် ဒိုင်ယာရီလေးကိုယူကာ အိမ်ရှေ့က ကွပ်ပျစ်ပေါ်ထိုင်၍ မှိန်ပျပျအလင်းရောင်အောက်မှာ ဒိုင်ယာရီလေးဖွင့်လိုက်သည်နှင့် ပထမဆုံးပေါ်လာသည့်စာမျက်နှာ၏စာသားလေးကား '' သိပ်ချစ်တယ်ကိုကို '' တဲ့ထိုစာသားလေးကိုကြည့်ပြီးရောင်ခြည်သစ်ပြုံးလိုက်မိသည်။ ထိုဒိုင်ယာရီလေး၏ပိုင်ရှင်ကားသိပ်အချစ်ကြီးလွန်းသည်ထင်ပါသည်။
ဒိုင်ယာရီ၏စာမျက်နှာ ....
ကျွန်တော်နာမည်ကကကြိုးတဲ့ နည်းနည်းအပျင်းကြီးတယ်။ အထူးသဖြင့်အိပ်ရာထရာမှာပေါ့။ အမေကတောင်ရိုက်နှိုးရတယ်။တစ်နေ့ကျွန်တော် မြို့ကျောင်းကိုတက်ဖို့ အကြောင်းဖန်လာတော့ လူတစ်ယောက်နဲ့ဆုံခဲ့တယ်။ သူ့နာမည်က လရိက်မာန်တဲ့ ကျွန်တော်ကတော့ကိုမာန်လို့ပဲ ခေါ်တယ် ကိုမာန်က ရုပ်တည်ကြီးနဲ့မို့အစကနည်းနည်းရှိန်တယ် ။ ဒါပေမဲ့နောက်ပိုင်းကျသိပ်မရှိန်တော့ဘူး။
ထိုစာသားအစကိုဖတ်ရင်းရောင်ခြည်ယဲ့ယဲ့လေးတော့ပြုံးမိသည်။
ကျွန်တော်စရောက်တုန်းကဆို အလုပ်တွေခိုင်းဖို့ပဲချောင်းနေတယ်။ ကိုမာန်ကအဲ့လိုဆိုးတာ ။အဲ့နေ့က ကျွန်တော့်ကိုမာန့်ပါးပေါ်မထင်မှတ်ပဲအနမ်းတစ်ခုခြွေခဲ့မိတယ်။
ကိုမာန်နဲ့နေ့တိုင်းကျောင်းသွားရင် စက်ဘီးအတူစီးခွင့်ရတယ်။ ဒါမဲ့လေကျွန်တော်ကိုမာန်ကိုမဖက်ရဲဘူး ။ တစ်နေ့မှကိုမာန်က သူ့ကိုဖက်ထားဖို့ပြောလာမှရဲရဲတင်းတင်းဖက်ရဲခဲ့တယ်။ အဲ့အချိန်က ကျွန်တော်ရင်တွေအရမ်းခုန်ခဲ့တာ ကိုမာန်ရော အဲ့လိုမျိုးခုန်နေခဲ့ရဲ့လားမသိဘူး..

ESTÁS LEYENDO
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???