အပိုင်း(၃၆)

1.8K 96 8
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၆)

" ကကြိုး ''

  မပြောမပြောဆိုနှင့်လရိပ်မာန်ကကြိုးအခန်းထဲဝင်လာပြီးဆွဲဖက်လိုက်သည်။ နှုတ်ခမ်းဆူပြီးမဲ့နေတဲ့ကောင်လေးကသူတစ်နေ့လုံးပျောက်နေတာနဲ့စိတ်တိုနေပြီဆိုတာသူသိသည်။

" သွား!  ခုမှလာဖက်မနေနဲ့ မနက်ဖြန်ပဲ ခင်ဗျားကြီးရန်ကုန်ပြန်ရတော့မှာကိုပေါ်မလာဘူးလေ '' 

" ကိုယ့်ကောင်လေးကလည်းကွာ... စိတ်မဆိုးနဲ့တော့နော်..  ရွှတ် ''

  စိတ်မဆိုးနဲ့ဆိုကာ လရိပ်မာန်ကကြိုးပါးလေးကိုနမ်းလိုက်သည်။

" ဟာ.. ခင်ဗျားနော် ''

  ရှိန်တိန်းတိန်းလေးဖြစ်သွားတဲ့ပါးပြင်လေးကို ကိုင်လျက် ကကြိုး လရိပ်မာန်ကိုမျက်စောင်းခဲလိုက်တော့သည်။

" ဟား  ဟား  ကိုယ်ကချစ်လို့ပါကွာ လူကိုရောချစ် စိတ်ဆိုးတာလေးကိုရောချစ်  ဟောဒီကမျက်စောင်းလှလှလေးကိုရော ချစ်လို့ပါကွာ ''

" ခင်ဗျားနော်...  ပြော ! တစ်နေ့လုံးဘယ်ပျောက်နေတာလဲ ''

" အင်း... ပြောပြမယ် ကိုယ်နဲ့လိုက်ခဲ့ ''

ချွင်.... ချွင်.... ချွင်....

နေရောင်ပျောက်တော့မဲ့ညနေဆည်းဆာနဲ့အတူ တချွင်ချွင်မြည်နေသောဆည်းလည်းသံတို့ကိုလည်းကကြိုးကြားနေရသည်။ လရိပ်မာန်ခေါ်လာသည့်နေရာကတခြားနေရာတော့မဟုတ် ယာထဲပင်ဖြစ်သည် ။ နေရောင်ပင်မရှိတော့သည်မို့ယာထဲမှာအလုပ်သမားများရယ်လို့လည်းမရှိတော့ချေ။ ခုချိန်မှာ ကကြိုးနဲ့လရိပ်မာန်နှစ်ယောက်တည်းသာရှိသည်။

" ကိုမာန် ကျွန်တော့်ကိုယာထဲခေါ်လာပြီးဘာလုပ်မလို့လဲဗျ!  "

ကကြိုးမေးတော့လရိပ်မာန်ကပြုံးရုံလေးတင်ပြုံးပြသည် ပါးနှစ်ဖက်ပါချိုင့်ဝင်သွားအောင်ထိလရိပ်မာန်ပြုံးပြလိုက်သည်။ သို့ပေမဲ့ဘယ်ဆီကိုခေါ်သွားသည်ဆိုတာတော့ပြောမပြသေး။

တဲနားရောက်တော့ ကကြိုး၏မျက်လုံးနှစ်ဖက်အားအုပ်ကာ အဖြူရောင်ပုဝါစည်းလေးနဲ့စည်းလိုက်သည်။

လရိပ်ဆင်သည့်ကကြိုး Season2Donde viven las historias. Descúbrelo ahora