🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၇)
" သမီးတို့ပြန်လာကြပြီပေါ့ ... လာကြဟေ့...ဧည့်သည်တွေလည်းပါသကိုး ''
ဦးဝေလု ကအိမ်ရှေ့ရောက်သည်နှင့် ပျူငှာစွာ ခရီးဦးကြိုပြုသည်။
" ဟုတ်တယ်အဖေ... မြို့ကလာတဲ့ ကိုထက်ရဲ့ညီတွေလေ ''
" အေးအေး လာကြကွာ...ထမင်းတစ်ခါတည်းဝင်စားလိုက်ကြ...ဦးလေး နေ့လည်စာပြင်ပြီးကွ ''
" ဟုတ်သား ကိုထက်တို့ သုံးယောက်လုံးတစ်ခါတည်းဝင်စားလိုက်ပါရောလား ''
အိမ်ရှေ့က စားပွဲရှည်ပေါ်မှာ ဟင်းခွက်တွေအားလုံးအစီအရီချပြီး အုပ်စောင်းပြာလေးနှင့်အသေချာအုပ်ထားသည်ကိုတွေ့ရသည်။
" အကိုတို့ တစ်ခါတည်းဝင်စားလိုက်မယ်... ညီမသစ်စတို့လည်း ဘာမှစားခဲ့ရမှာမဟုတ်ဘူးဆိုတော့ ''
" ဟိုလေ...ကျွန်တော်တို့အရင်ဆုံးရေမိုးချိုးနားလို့ရမလား လူကနည်းနည်းနုံးနေလို့ရေချိုးပြီးမှ စားတော့မယ်လေ ''
စေတနာနဲ့ ကျွေးမွေးနေသည်ကိုသိပေမဲ့အိမ်ရောက်ရောက်ချင်းထမင်းတန်းဝင်စားသည်က သင့်တော်လားမတော်လားသူမသိအထူးသဖြင့် ခုလိုမျိုးလူကနုံးချပင်ပန်းနေချိန်မှာ စိတ်မပါပဲ ထမင်းဝိုင်းမှာ ထိုင်မစားချင်သောကြောင့်ဖြစ်သည်။
" အေ... ဟုတ်သားဟ ဦးလေးက ကျွေးချင်ဇောအားကြီးပြီး.. ခရီးပန်းနေကြမှာကိုမေ့နေတယ် ''
ဦးကြီးဘစောကပင် အားနာသလိုလိုရှက်ပြုံးပြုံးပြီး အရယ်တစ်ဝက်နှင့် သစ်စစကားကိုထောက်ခံလိုက်သည်။
" ဟုတ်သား ပယင်းအခန်းတွေလိုက်ပြမယ် ''
ပယင်းကပင် ဦးဆောင်၍အားလုံးကို အခန်းတွေလိုက်ပြတော့သည်။
" သစ်စလို့ပဲခေါ်မယ်မောင်လေးလို့ခေါ်ရတာထောက်တာ ငါတို့အသက်ကရွယ်တူလောက်နေမှာ ''
" ဟုတ်တယ် ကျွန်တော်လည်းပယင်းပဲခေါ်မယ် ကျွန်တော်က... ၊.. ခုနှစ်မှာ ၁၀ တန်းပြီးတာ ''
" ငါလည်းအဲ့နှစ်ပဲ ဒါဆိုရင်းရင်းနှီးနှီးပဲခေါ်ကြတာပေါ့ ''

KAMU SEDANG MEMBACA
လရိပ်ဆင်သည့်ကကြိုး Season2
Romansaချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???