အပိုင်း(၁၆)

1.7K 101 7
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၆)

လကုန်တာနှင့် ဆန်းသစ်စသည်လည်း ထက်ဦးရှိန်ရှိရာ ပင်းတယကိုသာ ဦးတည်ထွက်လာခဲ့တော့သည်။ ဆန်းသစ်စသွားရာခရီးသို့ ပိုင်စေမှူးဆိုသည်မှာအမြဲတမ်းမပါမဖြစ်လိုပင်။

အစက ပိုင်စေမှူးနဲ့ ပြိုင်ကားနဲ့ပဲလာဖို့ကြံထားသော်လည်းသစ်စအိမ်က ကားနဲ့လိုက်ပို့မည်ဆိုသောကြောင့် ပြိုင်ကားကိုထားခဲ့ရသည်။ ဤသည်လည်းတစ်မျိုးကောင်းသည်။ ကားဒရိုင်ဘာပါထည့်ပေးလိုက်သည့်မို့ ကားကိုရန်ကုန်ပြန်လွှတ်ပြီး ထက်ဦးရှိန် ကားနဲ့ကပ်စီးလို့ရသည်။ တစ်နည်းအားဖြင့်ဖြင့်ကိုကြီးပိုပြီးနီးနီးကပ်ကပ်နေရမည်။

ပင်းတယမြို့ဝင်မုခ်ဝရောက်သည်နှင့် ဆန်းသစ်စတို့ကား​လေးသည်လည်းရပ်တန့်သွားသည်။ ကားရပ်သွားသည်နှင့် သစ်စလည်း ကားပေါ်မှဆင်းကာမတ်တပ်ရပ်၍စောင့်နေလိုက်သည်။
ကာဒရိုင်ဘာဦးလေးကြီးကိုတော့ ရန်ကုန်သာပြန်လွှတ်လိုက်ပြီးသူနဲ့ပိုင်စေမှူးက မုခ်ဝကြီးနားမှာထက်ဦးရှိန်၏လာအခေါ်ကိုစောင့်နေလိုက်သည်။

ရင်ဘတ်ကဟနေသော အင်္ကျီကြယ်သီးတွေကိုသေချာစွာတပ်ပြီးသည်နှင့် တွန့်နေသော အင်္ကျီကြောင်းတွေပြေလျော့စေရန်ခပ်တင်းတင်းဆွဲချလိုက်သည်။ ပြီးသည်နှင့်မှန်ထဲမှမိမိ၏ပုံရိပ်ကို ထက်ဦးရှိန် တစ်ယောက်ကျေနပ်စွာကြည့်ရင်း ပြုံးလိုက်သည်။ တပ်ဖို့ကျန်နေတဲ့အင်္ကျီလက်ကကြယ်သီးတွေကိုတော့ အောက်ထပ်ဆင်းရင်းတပ်လိုက်တော့မည်။

" ကိုထက် မြိို့ဝင်မှလူသွားကြိုမလို့လား ''

ပယင်းတစ်ယောက် တိုက်လက်စမီးပူကို ဘေးမှာထောင်ကာချလိုက်ရင်း အပေါ်ထပ်မှဆင်းလာသော ထက်ဦးရှိန်ကိုမေးလိုက်သည်။

" ဟုတ်တယ်ပယင်း အကို့သွားကြိုမလို့ ပယင်းမှာစရာရှိလို့လား ''

" မဟုတ်ပါဘူး ကိုထက်ရာ ပယင်းလည်းလိုက်ခဲ့လို့ရမလား အိမ်မှာတစ်ယောက်ထဲဆိုတော့ ပျင်းစရာကြီး ကိုထက်ရဲ့ရောက်လာမဲ့ရန်ကုန်လူလေးကိုလည်းစပ်စုရင်း ပယင်းထင်မမှားရင် သေချာပေါက်ကိုထက်ရဲ့ မဟေသီလေးပဲဖြစ်ရမယ် ''

လရိပ်ဆင်သည့်ကကြိုး Season2Onde histórias criam vida. Descubra agora