အပိုင်း(၂၀)

1.9K 100 17
                                    

🍂 လရိပ်ဆင်သည့်ကကြိုး  🍂  ( Season 2) အပိုင်း(၂၀)

သာယာလှပသော ကောင်းကင်ကျယ် စိမ်းမြမြသစ်ပင်ငယ်တွေဝန်းရံထားတဲ့ ဆေးရုံရဲ့လမ်းကျဉ်းကလေး ထိုလမ်းကျဉ်းလေးပေါ်မှာ ကောင်လေးတစ်ယောက်ကား ဝှီးချဲပေါ်ထိုင်လျက် သူ့မိခင်က ဝှီးချဲကိုတွန်းနေသည်။

" သားလေး... ကကြိုး နေရတာရော သက်သာရဲ့လား ''

" အင်းသက်သာတယ်အမေ ''

   ဒေါ်ရွှေရည်လဲ့ သားဖြစ်သူကို အမှန်ပင်စိတ်ပူသည်။ သတိရလာထဲက စကားလည်းသိပ်မပြောဘူး အမြဲတမ်း အဝေးကိုပဲငေးကြည့်နေတတ်တာ ။ သူ့ရင်ထဲကဒဏ်ရာတွေခုထိ မကျက်သေးတာလား။ တစ်ယောက်ထဲပဲ​ကြိတ်ခံသားနေတော့မှာလား ။

" တစ်ခုခု ဆန္ဒရှိရင် အမေ့ကိုပြောနော်သား ''

" သားကိုအခန်းပြန်ပို့ပေးအုံးအမေ လမ်းပြန်လျှောက်နိုင်အောင်လေ့ကျင့်ရအုံးမယ်လေ ''

" အင်း အင်း ''

   ကကြိုးနေပြန်ကောင်းပြီဆိုသော်လည်း လမ်းတော့ပြန်မလျှောက်နိုင်သေးပေ။ နှစ်တွေအကြာကြီး လဲနေခဲ့သည်မို့ လမ်းကောင်းကောင်းပြန်လျှောက်နိုင်အောင်တော့လေ့ကျင့်ရအုံးမည်ဖြစ်သည်။

   " ကကြိုး ''

     အခန်းထဲပြန်မည့်ချိန်အနောက်ကနေ လှမ်းခေါ်ခံလိုက်ရသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ကောင်လေးတစ်ယောက်လက်ထဲမှာလည်းစာအုပ်လေးတစ်အုပ်ကို ကိုင်ထားသည်။

  အနီးနားလေးရောက်လာတော့မြင်လိုက်ရတဲ့လူကြောင့် ဒေါ်ရွှေရည်လဲ့ပင် အံ့သြသွားရသည်။

  တူတယ် အတော့်ကိုတူတာ ဝှီးချဲပေါ်ကသူ့သားလေးကကြိုးရုပ်နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတာ သူတို့ကိုကောင်းကောင်းမသိတဲ့လူကိုသာခွဲခိုင်းမယ်ဆိုရင် ဘယ်သူဘယ်ဝါဆိုတာ ကောင်းကောင်းခွဲနိုင်မည်မထင်ပေ။

ရောင်ခြည်သစ် ကကြိုးကိုလှမ်းခေါ်ကာ ပြေးလာပြီး အနားရောက်သည်နှင့် ဒူးခေါင်းနှစ်ခုပေါ်လက်တင်ကာ့အမောဖြေနေတော့သည်။

" မင်းကဘယ်သူလဲ ''

  ကကြိုးဆီက ထွက်ကျလာသည့်မေးခွန်းကြောင့် ရောင်ခြည်သစ်ကြောင်သွားသည်။ အခု ကကြိုးကသူ့ကိုမမှတ်မိတာတဲ့လား... သူတို့နှစ်ယောက် သိခဲ့တာ ခဏဆိုပေမဲ့ မမေ့နိုင်တဲ့အမှတ်တရတွေအများကြီး ပြီးတော့ သူတို့နှစ်ယောက်ပက်သတ်ခဲ့ကြတဲ့အချိန်က တကယ်ခဏလေးဆိုပေမဲ့ ရောင်ခြည်သစ်ဘဝရဲ့အရေးကြီးဆုံးတစ်ဆစ်ချိုး အခိုက်တန့်လေးလေ...

လရိပ်ဆင်သည့်ကကြိုး Season2Nơi câu chuyện tồn tại. Hãy khám phá bây giờ