🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၆)
ဦးနေရောင် ဟူသော အုတ်ဂူဟောင်း၏ဘေးမှာ ဒေါ်သစ်သစ်လွင်ဟူသော အစိမ်းရောင်အုတ်ဂူကဘေးတစ်လုံးဘေးချင်းကပ်ခဲ့လေပြီ။
ရောင်ခြည်သစ်၏ဖခင်ဦးနေရောင်မှာ ငွေအလွဲသုံးစားမှုနဲ့ထောင်ကျပြီး ထောင်ထဲမှာတင်ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ခြင်းဖြစ်သည်။
ဖခင်၏နောက်ဆုံးခရီးကို ရောင်ခြည်သစ်တစ်ယောက်ပို့ဆောင်ခွင့်မရခဲ့ပေမဲ့ မိခင်၏ ခရီးကိုတော့ပို့ဆောင်နိုင်ခဲ့ပါသည်။ မိဘကိုအလုပ်ကျွေးမပြုလိုက်နိုင်ပေမဲ့ရောင်ခြည်သစ်တစ်ယောက်ပြတ်သားစွာ ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့သည်။
ထိုဆုံးဖြတ်ချက်ကား.....🍁🍁🍁
" Rope... ''
တည်ငြိမ်အေးဆေးလွန်းနေပြီးကြေကွဲမှုတို့ပြည့်နေသည့်လူတစ်ယောက်၏အသံ။ ကကြိုးအသက်ကိုရှူသွင်းလိုက်သည်။ ပြီးသည်နှင့် ရောင်ခြည်သစ်ဘက်ကိုလှည့်ပြီးဘာလဲဟူသော သဘောနှင့်ကြည့်လိုက်သည်။
" သေချာပြီလား ''
" .... ''
" သေချာသွားပြီလားလို့ ''
ဘာကိုလဲ.... ကကြိုးက ဘာကိုသေချာရမှာလဲ... အဆက်စပ်မရှိပဲ သူကဘာကိုမေးချင်နေတာလဲ။ ကကြိုးရောင်ကခြည်သစ်ကိုသာ နားမလည်နိုင်စွာကြည့်ရင်းသာနှုတ်ဆိတ်နေလိုက်သည်။
" ဆက်ဟန်ဆောင်မနေပါနဲ့တော့ Rope... ခင်ဗျား အတိတ်တကယ်မမေ့တာ ကျွန်တော်သိတယ် ''
" အင်း... မထူးဆန်းပါဘူးလေ... မင်းနဲ့ငါဒီလောက်နီးကပ်နေတာ မင်းရိပ်မိသင့်ပါတယ် ''
ကကြိုးပြောရင်း လူနာခုတင်းဘေးကခုံလေးပေါ်တင်ထားတဲ့ ပန်းသီးတစ်လုံးကိုစားဖို့ကောက်ယူလိုက်သည်။
" ဒါဆို ဘာလို့ မေ့နေတယ်လို့ ဟန်ဆောင်နေရသေးတာလဲ.. ကိုလရိပ်မာန်ကြောင့်လား ''
လရိပ်မာန် ဆိုသည့်နာမည်ကြောင့် ပါးစပ်ဖျားရောက်တော့မည့်ပန်းသီးလေးမှာ နှုတ်ခမ်းပါးနားတင်ကပ်နေတော့သည်။
" မင်း ကိုမာန့်ကိုဘယ်လိုသိတာလဲ ''
" ဒီစာအုပ်လေးကြောင့် ''

YOU ARE READING
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???