🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၄)
မနက်မိုးလင်းတိုင်း ကိုယ်ချစ်တဲ့သူနဲ့အတူနိုးထခွင့်ရတဲ့ အချိန်တွေက အဓိပ္ပါယ်ပြည့်စုံလွန်းတယ်တဲ့။ ကျွန်တော့်အတွက်တော့ ကိုမာန်နဲ့အတူ နိုးထရတဲ့အချိန်တိုင်းက အဓိပ္ပါယ်ရှိတယ်ဆိုတာထက်ပိုတယ်။ အထူးသဖြင့် ကျွန်တော်မျက်လုံးဖွင့်ချိန်တိုင်း သူ့မျက်ဝန်းတွေက ကျွန်တော့်ကိုစိုက်ကြည့်နေချိန်တွေမှာပေါ့... သူက ကျွန်တော့်အတွက်တော့ပြည့်စုံခြင်းဆိုတာထက်ကိုပိုပါတယ်...
ကကြိုး လရိပ်မာန်၏ရင်ခွင်ထဲမှာလဲနေရင်း လိရိပ်မာန်ကိုမော့ကြည့်လိုက်သည်။
" မထသေးဘူးလားကွ.... ကိုယ့်ရဲ့အိပ်ပုတ်လေးက ''
လရိပ်မာန်ကကြိုးရဲ့ ဆံပင်တွေကြားသူ့ရဲ့လက်တွေကို ထိုးဖွင်ရင်း နမ်းရှိုက်ကာမေးလိုက်သည်။
" ဟင့်အင်း... မထချင်သေးဘူး ''
" ဘာလဲ... ကိုယ့်ကောင်လေးက မထချင်သေးဘူးဆိုတော့ တစ်ခုခုလုပ်ချင်သေးလို့လား ''
" ကိုမာန်! "
ကကြိုးလရိပ်မာန်ကိုအော်ပြီးမျက်စောင်းတွေပစ်ကျွေးကာ ထဖို့ပြင်လိုက်တော့သည်။ အလကားနှာဘူးကြီးအားတိုင်းတွေးချင်တာတွေပဲလျှောက်တွေးနေတာ.. ဟိုးတုန်းက ကိုလရိပ်မာန်တို့များပြန်လိုချင်မိပါတယ်.. အဲ့တုန်းကတော့အေးစက်စက်မတုန်မလှုပ်နဲ့... ဟွန့်!
အခန်းထဲကထွက်ခါနီးနှုတ်ခမ်းတွေဆူပုတ်ကာ လရိပ်မာန်အား မျက်စောင်းခဲ ဖို့လည်းမမေ့ခဲ့ပေ။
ဟား... ဒီကောင်လေးကွာ ချစ်စရာကောင်းအောင်လုပ်နေတာကွာ...ရေအုတ်ကန်နားရောက်တော့ ကကြိုးရေတစ်ဖလားခပ်လိုက်ပြီးဘေးနားချထားလိုက်သည်။ ထို့နောက် သွားတိုက်တံပေါ် သွားတိုက်ဆေးထည့်ရန်ပြင်လိုက်သည်။ ထိုအချိန် ဘေးနားမှာ လရိပ်မာန်ရောက်လာပြီး သူ့အတွက်အသင့်ထည့်အပေါ်ကနေ သွားတိုက်ဆေးလေးတင်ပေးလိုက်သည်။
ကကြိုးကပြန်ကြည့်တော့စပ်ဖြီးဖြီးကြည့်နေပြန်သည်။ပြီးသည်နှင့် နှစ်ယောက်သားတူတူမျက်နှာသစ်လိုက်ကြသည်။ မျက်နှာသစ်ပြီးသည်နှင့်မျက်နှာသုတ်ပုဝါကို ပုခုံးပေါ်တင်လျက် လရိပ်မာန်နဲ့ကကြိုးအတူ ဝင်ခဲ့ကြသည်။ အိမ်ထဲရောက်တော့ အရီးလေးနဲ့အတူ အမျိုးသမီးတစ်ယောက်ကားစကားပြောနေကြသည်။ ထိုအမျိုးသမီး၏ကျောပြင်ကိုလရိပ်မာန်ရင်းနှီးနေသည်။ သူမသိနိုင်စရာအကြောင်းမရှိ ထိုအမျိုးသမီးကား သူ့အားမွေးထုတ်ခဲ့သောမိခင်ပင်ဖြစ်သည်။

YOU ARE READING
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???