အပိုင်း (၃၅)

1.8K 81 11
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၅)

" သစ်စ ''

  ".... ''

  ထက်ဦးရှိန်ခေါ်နေသော်ငြားတစ်ဖက်ကကောင်လေးက လှည့်ကြည့်မလာပါချေ။ မျက်နှာကိုတစ်ဖက်သို့လွှဲကာနေ၏။

" သစ်စလေးကလည်းကွာ... ရန်ကုန်ပြန်ရမယ်လေ... ကော်ဖီဆိုင်ကရှိသေးတယ်မလား... ''

  ကျောပေးကာတစ်ဖက်လှည့်နေသောကောင်လေးရဲ့ ခါးလေးကိုဖက်ကာ ထက်ဦးရှိန်ပြောလိုက်သည်။

" ကျွန်တော်မပြန်ချင်သေးဘူး ကိုကြီး ''

မပြန်ချင်သေးဘူးဟူသော စကားသံနောက်မှာ လွမ်းဆွေးခြင်းနဲ့အတူ ငိုသံအနည်းငယ်ကားရောစွက်နေ၏။

" ကိုယ်လည်းပြန်လာတော့မှာလေကွာ..စိတ်မကောင်းမဖြစ်နဲ့နော်... ဘွားဘွားကြီးက ကိုယ့်ကို ရန်ကုန်က ဆေးရုံကိုအုပ်ချုပ်ပေးဖို့ခေါ်နေပြီ ''

" ဒါပေမဲ့ ကိုကြီးက ဒီမှာနေတာ ကြာအုံးမှာမလား ''

" မကြာပါဘူးကွာ... ခဏပဲနော် ကိုယ်ရန်ကုန်ပြန်လာတော့မှာ ''

ခဏဆိုပေမဲ့ အချိန်လောက်ကြာကြာနေပေးရအုံးမည်ကို ထက်ဦးရှိန်မသိချေ။ အခုချိန်မှာ ကိုယ့်ရဲ့ချစ်ရသူလေးမျက်နှာညှိုးငယ်မနေရဖို့ကသာအဓိဖြစ်သည်။ သူ့ကိုလည်းရန်ကုန်ကို ဝမ်းနည်းပြီးမပြန်စေလို..မခွဲနိုင်တာသိပေမဲ့အခြေနေအကြောင်းအရ ခွဲခွာသင့်ရင်လည်းခွဲရပေမည်။

" ဒါဆို ခဏပဲနော်... ပြန်လာရမယ်...ကျွန်တော်လေ ကော်ဖီဆိုင်ကိုသာပိတ်ပစ်လိုက်ချင်တယ် ''

" မလုပ်ပါနဲ့ဗျာ ကော်ဖီဆိုင်လေးတော့မပိတ်လိုက်ပါနဲ့...ကိုယ့်သစ်စလေး ဘယ်လောက်တောင်ကြိုးစားထားရတာလဲဟင် ''

ကော်ဖီဆိုင်ကိုပါ ပိတ်ဖို့ကြံနေသော ကောင်လေးကို ထက်ဦးရှိန်ကပင်အမြန်တားရသည်။ လွမ်းလို့မခွဲနိုင်တာပေမဲ့ စီးပွားရေးနဲ့ဝါသနာကိုထိခိုက်လို့မဖြစ်ဘူးလေ ။ အထူးသဖြင့်ဒီကောင်လေးဖြစ်ချင်တဲ့ကော်ဖီဆိုင်လေးဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ဆန္ဒလေးကိုတော့မထိခိုက်စေလို။

လရိပ်ဆင်သည့်ကကြိုး Season2Hikayelerin yaşadığı yer. Şimdi keşfedin