🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၄)
" ကျွန်တော့်မှာသေဖို့ခိုင်လုံတဲ့အကြောင်းပြချက်ရှိတာ သိသားနဲ့ဘာလို့ ကယ်ခဲ့သေးတာလဲ ''
ရောင်ခြည်သစ်အမေးကြောင့် ကကြိုးအနည်းငယ်ပြုံးသွားကာ သက်ပြင်းကိုရှူထုတ်လိုက်သည်။
" ငါက မင်းကိုကယ်ခဲ့တာမဟုတ်ဘူး.. လောကအတွက်တန်ဖိုးရှိမဲ့လူတစ်ယောက်အသက်ကို အလကားဖြစ်ခွင့်မပေးခဲ့ရုံပဲ ''
" ဟက် ကျွန်တော်က တန်ဖိုးရှိတာလား ''
ရောင်ခြည်သစ် ကိုယ့်ကိုယ်ကို လှောင်ရယ်ပြုံးလိုက်မိသည်။ မိဘကတောင်မလိုချင်ခဲ့တဲ့သူက ဘာတန်ဖိုးများရှိမှာတဲ့လဲ ။ တကယ့်အခွံလိုကောင်က ဘာတန်ဖိုးများရှိမှာလဲ။
" နက်ဖြန် မိဘမဲ့ဂေဟာသွားမလို့ မင်းလိုက်ခဲ့ချင်လား ''
ရောင်ခြည်သစ်၏လှောင်ရယ်သံနောက်ကပ်ပါလာတဲ့မေးခွန်းကိုမဖြေပဲ ကကြိုးတစ်ခြားတစ်ခုကိုသာမေးလိုက်သည်။
" ကျွန်တော်လိုက်ခဲ့ချင်တယ်... Rope ''
" နက်ဖြန် တူတူသွားကြတာပေါ့ ''
ကကြိုး ရောင်ခြည်သစ်ကိုနှုတ်ဆက်ပြီး ပြန်ခဲ့တော့သည်။ ဒီကောင်လေးနောက်ထပ်သေဖို့မကြံစည်တော့ဘူးဆိုတာကိုလည်း ကကြိုးသေချာသိသွားခဲ့ပြီမို့။
💘💘💘
မေတ္တာအေးရိပ် မိဘမဲ့ဂေဟာဘ
" ကိုကြီး....''
ဂေဟာတွင်းသို့ဝင်လိုက်သည်နှင့် ပျော်ရွှင်ပြေးလွှားနေသည့်ကလေးတစ်စုက ကကြိုးဆီသို့ဦးတည်ရောက်လာကြသည်။
ကကြိုးမျက်နှာသည်လည်းပြုံးပျော်လျက် ထိုကလေးတစ်စုအားကြိုဆိုရန် လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်သည်။
" ကိုကြီး... ဒီတစ်ခါလာတာနောက်ကျတယ်နော်''
ထိပ်မှာကြက်တောင်ကလေးစုစည်းထားတဲ့ကောင်မလေးက ကကြိုးလက်ကိုကိုင်ကာ နှုတ်ခမ်းလေးဆူပုတ်ပြီး စိတ်မကောင်းစွာပြောနေသည်။
" ကိုကြီးက..ဆေးသွင်းနေရလို့ပေါ့ကွ ...ဒါနဲ့ဟိုတစ်ခါသင်ပေးခဲ့တဲ့စာတွေရောမှတ်မိကြသေးရဲ့လား ''
VOUS LISEZ
လရိပ်ဆင်သည့်ကကြိုး Season2
Roman d'amourချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???