🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၂)
" ရောင်ခြည် စိုက်ခင်းထဲသွားတော့မလို့လား ''
" ဟုတ်တယ် ကိုလရိပ်မာန်ရဲ့လစတော်ဘယ်ရီတွေခူးရတော့မယ်လေ ''
" စတော်ဘယ်ရီတွေခူးဖို့လား ကျွန်တော်ရောလိုက်ခဲ့လို့ရမလားရောင်ခြည် ''
" နက်ဖြန်မှလိုက်ခဲ့လေ ဒီနေ့ကတော့နားလိုက်တော့ ခုမှနေပြန်ကောင်းခါစရှိသေးတယ်မလား''
" အင်း မနက်ဖြန်တော့ကျွန်တော်လိုက်ခဲ့မယ်နော် အိမ်မှာတစ်ယောက်ထဲကျပျင်းစရာကြီး ''
" မနက်ဖြန်ကျရင်လိုက်ခဲ့လေ အဲ့ကျရင် ကိုလရိပ်လည်းတော်တော်သက်သာနေလောက်ပြီ ''
" အင်း ''
" ဒါဆို ကျွန်တော်သွားပြီနော် ''
ရောင်ခြည်သစ် လရိပ်မာန်ကို ကျောခိုင်းလျက် စိုက်ခင်းဆီသို့ဦးတည်သွားတော့သည်။
လရိပ်မာန်သည်လည်း ထွက်သွားသော ရောင်ခြည်သစ်၏ကျောပြင်ကိုသာ ပျောက်ကွယ်သွားသည်ထိစိုက်ကြည့်နေမိသည်။
🍃🍃🍃🍃🍃
" ပိုင်စေမှူး ''
စူးရှကျယ်လောင်သော ခေါ်သံကြောင့်ပိုင်စေမှူး၏ခြေလှမ််းတွေမှာရပ်တန့်သွားရသည်။ ထိုအသံပိုင်ရှင်ကားအခြားသူမဟုတ် မိမိ၏မွေးသမိခင်ကျေးဇူးရှင် ဒေါ်ရွှေရည်သွဲ့ပင်တည်း ။ အခုလည်း ဘာတွေတရားဟောအုံးမည်မသိ။ ပိုင်စေမှူးတစ်ယောက်အိမ်ပြင်ရောက်နေသော ခြေလှမ်းတို့ကိုလေးပင်စွာပြန်လည်ရုတ်သိမ်းလိုက်ရင်း ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
" ထိုင်အုံးငါပြောစရာရှိတယ် ''
" ....... ''
ပိုင်စေမှူး ဘာမှပြန်မပြောပဲ ဒေါ်ရွှေရည်သွဲ့ညွှန်ပြရာနေရာတွင်သာထိုင်လိုက်သည်။
" မင်း ပင်းတယကိုသွားရမယ် ''
" ဘာလို့လည်းအမေရာ မသွားချင်ပါဘူး ''
" မင်းအခုလိုခြေရှုပ်နေတာတွေဘယ်တော့ရပ်မှာလဲ တစ်နေ့တစ်နေ့ငါ့ဆီကိုမင်းအကြောင်းဖုန်းဆက်ပြီးတိုင်တဲ့လူတွေချည်းပဲ ရန်ကုန်မှာရော မင်းမတွဲဖူးတဲ့မိန်းကလေူရှိသေးရဲ့လား အသက်က ၂၆ နှစ်ရှိပြီ လူကခုထိ ရှုပ်ပွေနေတုန်း''

BINABASA MO ANG
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???