အပိုင်း(၁၃)

2K 138 10
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂   ( Season 2) အပိုင်း(၁၃)

" ကိုကြီး ဒီမှာ ကျွန်တော် အဝတ်စားတွေအားလုံးထည့်ပြီးပြီ ''

" ကိုယ့်ကလေးလေးက လိမ္မာလိုက်တာ ''

  ထက်ဦးရှိန် အင်္ကျီလက်ကြယ်သီးတပ်ရာမှရပ်ပြီး ဆန်းသစ်စပါးလေးကိုဆွဲဖဲ့ကာပြောလိုက်သည်။

ထက်ဦးရှိန်ရဲ့လက်တွေကိုကိုင်လျက် သူ့ခါးကိုဖက်စေလိုက်သည်။ ပြီးသည်နှင့် သူသည်လည်းထက်ဦးရှိန်ရဲ့ခါးကိုဖက်လျက် ခေါင်းကိုမော့လိုက်သည်။

  " ကျွန်တော်ကဘယ်သူမို့လဲ ကိုကြီးရဲ့သစ်စပဲလေ ''

" ဟုတ်လား သစ်စက ကိုကြီးပိုင်ပေါ့ အာ့ဆိုသစ်စရဲ့အရာအားလုံးကိုလည်းကိုကြီးပဲပိုင်တာပေါ့ ''

" အင်းပေါ့ ကျွန်တော်ရဲ့အရာအားလုံး ''

" ဒါဆို ဆန်းသစ်စ လေးကိုလည်းကိုယ်ပိုင်တာပဲပေါ့ ''

" ဒါပေါ့ဗျ ကျွန်တော့်ကိုလည်းကိုကြီးပိုင်တာ ''

" ဟင်း ဟင်း ''

  ဆန်းသစ်စရဲ့အဖြေစကားကြောင့်ထက်ဦးရှိန်သစ်စရဲ့ခါးကိုပိုမိုတင်းကြပ်စွာဖက်လျက်လူယုတ်မာပြုံးလေးပြုံးလိုက်သည်။ မိမိရှေ့ရောက်လာတဲ့သိုးကိုစားဖို့ချောင်းနေတဲ့ဝံပုလေကြီးလို....

" တော်ပြီ ကျွန်တော့်ကိုလွှတ်တော့ ကိုကြီးဘာတွေးနေလဲ ကျွန်တော်သိတယ် မရဘူး လွှတ်တော့ ''

   ထက်ဦးရှိန်၏လူယုတ်မာပြုံးတို့ကြောင့်ဆန်းသစ်စလည်းသူ့ကိုဖက်ထားတဲ့လက်တွေကိုအတင်းဖယ်ခွာတော့သည်။ သို့သော်ငြားထက်ဦးရှိန်ကားတင်းကြပ်စွာဖက်ထားမြဲပင်။

" ကိုယ်ကဘာတွေတွေးနေတာလဲ ကိုယ်တောင်မသိတာကို ကလေးကဘယ်လိုသိလဲ ''

" တော်ပြီ.. ရပြီ.. အဟမ်း... ကျွန်တော်ဘာမှမသိဘူး ဟုတ်ပြီလားခင်ဗျားသာသွားဖို့ပြင်တော့ ဆိုင်ကအလုပ်လေးတွေလက်စသတ်ပြီးရင်ပင်းတယကိုလိုက်ခဲ့မယ် ''

" ကလေးက အိမ်သိပါ့မလား... ''

" သိပါတယ်ဗျ မပယင်းတို့အိမ် ဘယ်မှာ လဲမေးပြီးလာခဲ့မယ်လေ ''

လရိပ်ဆင်သည့်ကကြိုး Season2Nơi câu chuyện tồn tại. Hãy khám phá bây giờ