🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၃)
" ခွေးကောင် ! "
အိမ်ပြင်ရောက်ရောက်ချင်း ဆဲဆိုသံနှင့်အတူကြိုဆိုလိုက်သည့် လက်သီးပြင်းတစ်ချက်ကားရောင်ခြည်သစ်၏ပါးပြင်ပေါ်သို့ အတားဆီးမဲ့စွာကျရောက်လာသည်။
" မင်းဘာအချိုးချိုးတာလဲကွ! ! ယောင်္ကျားတစ်ယောက်နဲ့လိုက်ပြေးရလောက်အောင်ထိ မင်းကတော်တော်ခြောက်နေလား မင်းဘာသာမင်းခြောက်ချင်ရင် လွတ်ရာကျွတ်ရာမှာအေးဆေးခြောက် ငါတို့မိသားစုကိုလာမပက်သတ်စေနဲ့ ''
အင်္ကျီကော်လံကိုစုကိုင်ပြီး လက်သီးချက်တွေတစ်ချက်ပြီးတစ်ချက်ဆက်တိုက်ထိုးခံနေရသော်ငြားရောင်ခြည်သစ် မနာကျင်မိတော့ ချစ်သူ၏စျာပနအပြီးမှာ မိဘဆိုသည့်အိမ်အရိပ်ခဏလောက်ဖြစ်ဖြစ် ခိုလှုံပြီး ဒဏ်ရာတွေကိုကုစားချင်ခဲ့တဲ့သူ့အမှားသာ ။ ထိုးချက်ပြင်းတဲ့လက်သီးတွေက သူ့ကိုမနာကျင်စေတော့ ။ ရင်ဘတ်ထဲမှာပေါက်ကွဲလုမတတ်နာကျင်နေရသည့်ကြေကွဲမှုတို့က ပါးပြင်ပေါ်ကလက်သီး၏နာကျင်မှုနဲ့ယှဉ်ရင်မပြောပတော့။
ရောင်ခြည်သစ် အံကိုကြိတ်လျက်တင်းခံထားရင်း နာကျင်မှုတို့၏မျက်ရည်တို့ကား တာကျိုးသည့်သဖွယ် အထိန်းကွပ်မရှိကျဆင်းလာ၏။ သို့သော်ရှိုက်သံကားတစ်ချက်ပင်မျှထွက်မလာချေ။
နာကျည်းမှု ၊ လွမ်းဆွေမှု ၊ သေဆုံးသွားတဲ့မိုးရေထဲက ချစ်သူ၏မြင်ကွင်းအရာအားလုံးဟာ မန်မိုရီထဲမှာအထင်းသားပြန်ပေါ်လာသည်။ ပေါက်ကွဲလုမတတ်ဖြစ်နေသောရင်ကိုဖိတင်းလျက် ရောင်ခြည်သစ် တစ်ယောက်ထိုနေရာ၌ပင်လဲကျသွားတော့သည်။
" ဟက်... ဒီကောင်ခုမှ ဒရမ်မာတွေ လာချိုးနေတယ်... မင်းဘာသာမင်းလဲကျရုံမကလို့သေသွားလည်းဖေးကူမဲ့လူမရှိဘူး ''
ရောင်ခြည်သစ်၏ဖခင်မှာ လဲနေသော သားကိုမထူပါပဲ အပြစ်သားတစ်ယောက်လိုစပ်ဆုပ်ရွံရှာစွာပင်ကြည်အနေတော့သည်။ ထို့အတူသူ့အမေသည်လည်းရောင်ခြည်သစ်အား ရှုံ့ချစွာကြည့်နေခဲ့သည်။
ဒီအကြည့်တွေကိုသားဘယ်တော့မှမမေ့ဘူး ။ ခုကစပြီး ဒီမိသားစုက ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူး ။ ကြည့်ကြပါ ရွံရှာစက်ဆုပ်စွာကြည်ပနေကြ ။ ခုခင်ဗျားတို့ကျုပ်မျက်နှာကိုမြင်ရတာ ခုကနောက်ဆုံးမို့ ။

YOU ARE READING
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???