🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၄၀)
ဆည်းလည်းသံ ချိုချိုလေးတွေက ဆိုင်အဝင်ဝဆီမှ ပျံ့နှံ့လျက်ရှိ၏။ မှန်အကြည်ပါးကာထားသည့်ဆိုင်၏နံရံမှတစ်ဆင့်အပြင်မှာလှုပ်ရှားသွားလာနေကြသော ကား ၊ ဆိုင်ကယ်များကိိုလည်းရှုင်းလင်းစွာမြင်နေရသည်။
" ကိုလရိပ် ဟင်းတွေထည့်စာပါအုံးရှင် ကျွန်မကိုများ အားနာနေတာလား ''
မြရောင်က ပြောလည်းပြောရင်း အသားတုံးတစ်ချို့နှင့်အရွက်ကြော်တစ်ချို့ကို လရိပ်မာန်၏ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်၏။
" ရပါတယ်ဗျာ မြရောင်လည်းထည့်စားလေဗျ ''
လရိပ်မာန်ကပင် ဟင်းတစ်ချို့ကို မြရောင်ပန်းကန်ထဲထပ်ပြောင်းထည့်ပေးလိုက်၏။
" စားပါ့မယ်ရှင် ''
မြရောင် ကြည်နူးစွာပြုံးလိုက်၏။ တစ်စုံတစ်ယောက်ဆီက သူ့အတွက် ထည့်ပေးတဲ့ ဟင်းတစ်ခွက်ကိုသူမရခဲ့ကြာပြီဖြစ်သည်။
" ကိုကို !! ''
" အဟွတ်... အဟွတ် ''
ဆည်းလည်းသံတွေနှင့်အတူ ကြားလိုက်ရသည့် အသံဆူးဆူးကြောင့် လရိပ်မာန်ထမင်းစားရင်းပင်သီးသွားရ၏။ ထိုအသံပိုင်ရှင်ကား သူ၏ချစ်လှစွာသောကောင်လေး ကကြိုးပင်ဖြစ်၏။
လရိပ်မာန်နားတွင် ရပ်လိုက်ပြီး ကကြိုးခပ်စူးစူး စိုက်ကြည့်လိုက်၏။
" အာ.. လာပါအုံးဗျာ... ကိုယ့်ကောင်လေးရာ ''
ကကြိုး၏ခါးကိုဆွဲဖက်ကာ လရိပ်မာန်၏ပေါင်ပေါ်သို့ထိုင်စေလိုက်၏။
မြရောင်သည်ပင် ထိုမြင်ကွင်းကို မြင်ကာ ထမင်းနင်သွား၏။ သူ့အားမေ့နေသည်လားဟုပင်ထင်မှတ်သွားရသည်။ မသိလျှင်သူဟာ ဒီစားပွဲဝိုင်းမှာ ဗီလိန်ဖြစ်မည့်လူပိုလို။
" ကိုက ဒီမှာ ထမင်းလာစားနေတာပါဗျာ... ဒီမှာ မြရောင်ကတူတူစားဖို့လာခေါ်လို့လေ ... ကိုယ့်ကောင်လေးရောကိုနဲ့တူတူစားအုံးပါလားဗျ ''
" မစားချင်ဘူး '' .
ဆူပုတ်ပုတ်ထိုကောင်လေးကိုမြင်တော့ လရိပ်မာန်ရယ်ချင်စိတ်ကိုထိန်းထားရ၏။ စိတ်ဆိုးနေတဲ့ကောင်လေးငယ်က သူ့ပေါင်ပေါ်ကတော့မထသေးပါပေ။

ESTÁS LEYENDO
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???