🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၈)
" အခန်း (.....) ကလူနာမရှိတော့ဘူး ''
နက်စ်မလေးမှာ အခန်းထဲကပြေးထွက်ရင်းဆေးရုံထဲမှာအော်လိုက်သည်။ နက်စ်မလေးအသံကြောင့် ဒေါ်မြက်ခက်မှာ ယူလာသည့်ပေါင်မုန့်ထုပ်တွေနှင့် ဆန်ပြုတ်ချိုင့်ပင် ဆေးရုံကြမ်းပြင်သို့ကျသွားသည်။
" ဆရာမ ကျွန်မသားလေး.. သားလေးကဘယ်ရောက်သွားတာလဲ ''
" လူနာကထွက်ပြေးသွားတာပါရှင့် အခုဆေးရုံကိုလူတွေကိုလဲရိုက်ပုတ်သွားလို့ ထိခိုက်နေကြတယ် ''
" ရှင် ''
ဒေါ်မြခက်မှာ အသက်ကြီးကာမှအခုလိုတွေကြုံနေရသည်။ စိတ်ဒဏ်ရာတွေနဲ့သားလေးသည်အခုရောဘယ်ကိုထွက်ပြေးပြန်သနည်း။
နဂိုထဲကအားနည်းတာရော စိတ်ဒဏ်ရာတွေရောပေါင်းပြီးဒေါ်မြခက်မှာလဲသွားတော့သည်။
" မြခက် မြခက် ''
ဦးထွန်းတောက် ကလှုပ်နှိုးနေသော်ငြားနိုးမလာပေ။နောက်ဆုံးဆရာမတွေအကူနဲ့ဆေးရုံပေါ်တင်လိုက်ရတော့သည်။ တစ်ဦးတည်းသောသားလေးသည် ဆေးရုံမှထွက်ပြေးသွားသည်။ မိန်းမကလည်းဆေးရုံပေါ်တွင်လဲနေသည်။ ဦထွန်းတောက် အတွက်တော့ တကယ်ပင်ခက်ခဲလှသည့်အခြေနေကြားတွင်ရှင်သန်နေရခြင်းပင်...
🍃🍃🍃🍃🍃
" ဘာရယ် ''
ဆရာမနားနေခန်းထဲမှာ မေရှင်းရာ၏အသံကားဟိန်းထွက်သွားသည်။ တစ်ခြားဆရာတွေ၊ဆရာတွေပင်စာစစ်ရင်းသူမကို ဘာဖြစ်တာလဲ ဟူသည့်သဘောနှင့် ကြည့်နေကြသည်။
" ဆရာ၊ဆရာမတို့ ကျွန်မအားနာလိုင်တာရှင် ကျွန်မပြန်မှဖြစ်မဲ့အရေးကြီးကိစ္စပေါ်လာလို့ (၂) ရက် (၃) ရက်လောက်ခွင့်ယူပါရစေ ''
မေရှင်းရာပစ္စည်းတွေသိမ်းရင်းပြောပြီးထွက်လာခဲ့တော့သည်။
သူတို့တွေ လရိပ်မာန်ကိုရှာမှဖြစ်မယ်။ တော်ကြာပြေးချင်ရာပြေးရင်း အရင်တစ်ခါကလိုကကြိုးခေါ်နေလို့ဆိုပြီးချောက်နက်ထဲခုန်ချသွားခဲ့ရင်ဘယ်လိုလုပ်လဲ။ အဲ့တုန်းကတောင် ကိုလရိပ်မာန်ကိုသူတို့အကြာကြီးအချိန်ယူပြီးကုခဲ့ရတာ သစ်ပင်တွေပေါ်လူကတင်နေလို့သာမသေခဲ့တာ မဟုတ်ရင် လရိပ်မာန်ဆိုတာ ကကြိုးသေပြီးထဲကလောကကြီးထဲကပျောက်ကွယ်သွားခဲ့ပြီ။

ESTÁS LEYENDO
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???