အပိုင်း(၁၈)

1.8K 98 40
                                    

🍂 လရိပ်ဆင်သည့်ကကြိုး  🍂  ( Season 2) အပိုင်း(၁၈)

  ရောင်နီတို့အစပျိုးလာချိန်မှာ ဆောင်းကုန်နီးဆိုသော်ငြား ဖွင့်ဟထားသော လေသာပြတင်းပေါက်မှတစ်ဆင့် လေအေးတို့က တစိမ့်စိမ့်တိုးဝင်လာပြန်သည်။ ချမ်းလာတာကြောင့် လွတ်နေသော ခြုံထည်ကို ဆွဲယူလျက် ကိုယ်ကိုယ်ပတ်လိုက်သည်။ အအေးဓာတ်တို့ကတော့မပြယ်သေးချေ။ ပွင့်နေသောပြတင်းပေါက်မှတစ်ဆင့်လေတို့တိုးဝင်လာဆဲ ။

  ဒူးခေါင်းကိုရင်ဘတ်နှင့်ထိအောင်ကွေးလိုက်ရင်း အချမ်းတို့ပြေလို့ပြေငြား စောင်ခြုံတွေနဲ့မြဲနေအောင်ရစ်ပတ်ထားမိသည်။ သို့သော်ငြားအချမ်းတို့ကတိုးနေမြဲပင်။ ရောင်ခြည်သစ်လည်းဘယ်လိုမှအိပ်လို့မရတော့သည်နှင့်ထထိုင်လိုက်သည်။ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ (၄) ပင်ထိုးတော့မည်ဖြစ်သည်။ ရောင်ခြည်သစ် လည်းဆက်မအိပ်ချင်တော့သည်မို့ အိပ်ယာမှထကာ မနက်ခင်း၏လုပ်နေကျဖြစ်သော မျက်နှာသစ်ခြင်း သွားတိုက်ခြင်းအမှုကိုပြုလိုက်သည်။ မျက်နှာသုတ်ပြီးသည်နှင့် လက်ရှည်ခပ်နွေးနွေးတစ်ထည်ထပ်ဝတ်လျက် အောက်ထပ်သို့ကော်ဖီဖျော်သောက်ရန်ဆင်းလာခဲ့တော့သည်
။ သူကအိပ်ရာထစောနေသည်မို့အရီးလေးကတော့ မနိုးသေးချေ။

ဂျောက်...

  မီးဖိုချောင်ထဲက တဂျောက်ဂျောက်နဲ့အသံကြားရသည်မို့ ရောင်ခြည်သစ် သတိထားပြီးဝင်သွားလိုက်သည်။ လူမရှိပဲမီးတွေက ဖွင့်ထားသည်မို့ အနီးနားကပန်းအိုးကိုပါလက်ထဲကျစ်ကျစ်ပါအောင်ကိုင်သွားရသည်။

မီးဖိုခန်းတံခါးဖွင့်သံကြားသည်နှင့် ရောင်ခြည်သစ်လည်းပန်းအိုးကိုအားကုန်မြှောက်လိုက်တော့သည်။

" ရောင်ခြည် ''

  ထိတ်ထိတ်ပျာပျာနဲ့ ခေါ်လိုက်သည့် သူ့နာမည်ခေါ်သံလကြားမှ ရောင်ခြည်သစ် ရဲ့လက်တွေလည်းလေထဲမှာရပ်တန့်သွားသည်။

" ဟာ..  ကိုလရိပ် ကျွန်တော်က သူခိုးလားလို့ ''

  ရယ်ပြုံးပြုံးနှင့်ပြောလာသော သူခိုးဆိုသည့်အသံကြောင့် လရိပ်မာန်မှာ ကျောပြင်တွေကြိမ်းစပ်သွားရသည်။ မကျိမ်းစပ်ပဲနေမည်လား အရီးဖြစ်သူကလည်း သူခိုးဆိုပြီး ရိုက္ပုတ္ထားတာ တစ်ခါတစ်လေ အောင့်နေတုန်း အခုတူဖြစ်သူကပါ ပန်းအိုးနဲ့ပါရွယ်နေပြန်ပြီ ။ ခေါင်းမပေါက်တာကံကောင်း ။ ဟူးး... လရိပ်မာန်မှာသက်ပြင်းသာချနိုင်တာ့သည်။

လရိပ်ဆင်သည့်ကကြိုး Season2Dove le storie prendono vita. Scoprilo ora